Friday, August 2, 2019


မန်နေဂျာ တစ်ဦး၏ လိုအပ်သော အရည်အချင်းများ

ကျွန်တော် ဒီနေ့ ဆွေးနွေးချင်တာကတော့ မန်နေဂျာတစ်ဦးမှာ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်း နှင့် အရည်အသွေး အကြောင်းပဲ ဖြစ်ပါတယ်ဗျ။
အခြေခံအားဖြင့် မန်နေဂျာတစ်ဦးမှာ သူရဲ့အဖွဲ့အစည်းကို ဦးဆောင်နိုင်ဖို့ Leadership လို့ခေါ်တဲ့ ခေါင်းဆောင် မှု စွမ်း ရည် နဲ့ Management လို့ခေါ်တဲ့ စီမံခန့်ခွဲမှု စွမ်းရည်တွေ ရှိဖို့လိုအပ်ပါတယ်။ အဲ့ဒါတွေ လုပ်နိုင်ဖို့ဆိုရင် သူ့မှာ Hard Skill လို့ခေါ်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု နဲ့ Soft Skill လို့ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးမှ အစ အခြား စိတ်ဓတ်  ရေးရာ အပိုင်းတွေမှာပါ ကျွမ်းကျင်မှုရှိမှသာ အပေါ်မှာ ပြောထားတဲ့ စွမ်းရည်(၂)ခုနဲ့ ပြည့်စုံတဲ့ မန်နေဂျာကော င်း တစ်  ယောက် ဖြစ်မှာပါ။
ဥပမာ ဆိုကြပါစို့ဗျာ လုပ်ငန်းခွင်မှာ မန်နေဂျာတစ်ဦးက သူ့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ တွေမှာ ပြောစရာမရှိ  အောင်  တော်နေ    တတ်နေတယ်၊ ဒါပေမယ့် သူက သူရဲ့ လက်အောက်ဝန်ထမ်းတွေ အပေါ်မှာတော့ ပေါင်းသင်းဆ က်ဆံရေး မကောင်းဘူး၊ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ မချပေးနိုင်ဘူး၊  ဘာအခွင့်အလမ်းမှ မပေးဘူး၊ အမြဲပြစ်တင် ပြောဆိုနေမယ်ဆိုရင် သူ့ဝန်ထမ်းတွေက သူ့ဆီမှာ မပျော်တော့ဘူး အလုပ်ထွက် ချင်လာမယ် … အဲဒီလိုတွေဖြစ်လာတာဟာ မန်နေဂျာ Soft Skills ညံ့ဖျင်းမှုကြောင့်သာဖြစ်တယ်။ နောက်တစ်ခုက မန်နေဂျာတစ်ဦးက အရမ်းသဘောကောင်းပြီး စိတ်ဓါတ်ရေးရာတွေမှာ အ ပြစ်ပြောစရာ မရှိပေမယ့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမရှိဘူး၊ Technical ပိုင်းဆိုင်ရာ Upgrade တွေ သိမနေဘူး၊ ဆက် စပ် မှု ရှိနေတဲ့အပိုင်းတွေကိုလည်း မလေ့လာထားဘူး ဆိုရင်လည်း သူ့ဝန်ထမ်းတွေက သူ့ဆီမှာ မပျော်တော့ဘူး အလုပ် ထွက်ချင်လာမယ် အဲဒါဘာကြောင့်လဲ ဆိုရင် လုပ်ငန်းခွင်မှာ သူတို့အတွက် တိုးတက်မှုမရှိနိုင်လို့ ထွက်ကြတာဖြစ်တယ်။ ဒါကလည်း မန်နေဂျာတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ Hard Skills မရှိနေလို့သာ ဖြစ်တယ်။ မန်နေဂျာ အများစုက  တော့    အော က် ခြေ Operational Level က တက်လာတာဖြစ်လို့ Hard Skills က ပါလာကြ ပြီးသားပါ။ ဒါပေမယ့် အချို့သော မန်နေဂျာတွေက ငါ မန်နေဂျာဖြစ်လာပြီ ဘာမှ လေ့လာသင်ယူစရာ မလိုတော့ဘူးလို့ ထင်နေကြပါတယ်။ ဒါဟာ လုံးဝ မှားယွင်းတဲ့ အယူအဆ ဖြစ်ပါတယ်။ ကမ္ဘာကြီး တိုးတက် ပြောင်းလဲလာတာနဲ့အမျှ ခေတ်ရေစီးကြော င်းကလည်း ပြောင်း  လဲလာတာပါ .. အဲဒီလိုပဲ ကိုယ်သိ ကိုယ်တတ်ထားတဲ့ ပညာရပ်တွေကလည်း ခေတ်အလိုက်ပြောင်းလဲ လာပါတယ်။ မန်နေဂျာ Level မှာ Technical ပိုင်းအနေနဲ့ ကိုယ်ကိုယ်တိုင် ၀င်လုပ်စရာမလိုပေမယ့် လမ်းညွှန်မှု ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ အတတ်ပညာဝမ်းစာ ထပ်ထပ်ဖြည့်ဖို့ လိုအပ်ပါတယ်။
အိုကေ ဒါဆို ကျွန်တော်တို့ မန်နေဂျာကောင်း တစ်ဦးမှာ လိုအပ်တဲ့ အရည်အချင်းတွေအကြောင်း ဆက်သွား ရ  အောင်၊ မန်နေဂျာတစ်ဦးက ခေါင်းဆောင်ကောင်းဖြစ်ဖို့ လိုအပ်သလို စီမံခန့်ခွှဲမှုအပိုင်းလည်း ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ သူဦးဆောင်နေရတဲ့ ဌာနအတွက် သွားမယ့် Directions တွေ Goals တွေ သူကိုယ်တိုင် ချမှတ်နိုင်ပြီး ရလာမယ့် Outcome အပေါ်မှာလည်း သူကိုယ်တိုင် တာဝန်ခံစိတ်၊ တာဝန်ယူစိတ် ရှိရမယ်။ ဒါမှလည်း သူ့လက်အောက် ၀န်ထမ်းတွေက သူ့အ ပေါ် ယုံကြည်မှုရှိလာပြီး နောက်က တစ်ပါတည်း ပါလာမှာပါ။ ပါလာတဲ့ဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ တိုးတက်မှုအလိုက် မကြာခဏ ချီးကျူးစကားပြောပေးဖို့ လိုပါတယ်။ ပြီးတော့ လုပ်ငန်းနဲ့ပတ်သက်တဲ့ စိန်ခေါ်မှု အသစ်တွေကိုလည်း အမြဲကြို ဆိုနေရမယ်၊ ဒါမှသာလျှင် မိမိအပါအ၀င် လက်အောက်ဝန်ထမ်းတွေက စိန်ခေါ်မှု အသစ်တွေကြောင့် စိတ်ဓါတ် တက်ကြွ လာပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်ပတ်ဝန်းကျင် တစ်ခုကိုလည်း ဖန်တီးပြီးသား ဖြစ်မှာပါ။ ဒါဆိုရင် ၀န်ထမ်း  တွေ ရဲ့ နေ့ရက်တိုင်းကလည်း စိတ်ဝင်စားစရာကောင်းနေမှာပါ။ ဒီနည်းအားဖြင့် မိမိဌာနရဲ့ အလုပ်ထွက်မှုနှုန်း (Turnover Rate) ကိုလည်း ထိန်းပြီးသားဖြစ်ပါတယ်။ ဒါကလည်း မန်နေဂျာကောင်း တစ်ဦးရဲ့ အရည်အချင်းတစ်ခုပါ။
မန်နေဂျာတစ်ဦးမှာ လုပ်ငန်းပိုင်းဆိုင်ရာ Structure တွေကိုလည်း ကောင်းကောင်းသိဖို့လိုပါတယ်၊ မိမိဌာနအတွက် Department Structure သေသေချာချာရှိပြီလား? တစ်ယောက်ချင်းရဲ့ JD ရှိရဲ့လား? ယခုလက်ရှိသွားနေတဲ့ Project က ဘယ်လို Structure နဲ့ သွားနေတာလဲ? မိမိ ၀န်ထမ်းတွေကရော ဒါကိုနားလည်သဘောပေါက်ရဲ့လား? ဒါကို သေသေချာ ချာသိပြီဆိုမှ သူတို့ကို Guideline ကောင်းကောင်း ပေးလို့ရမှာပါ။ အဲ့ဒါတွေသိပြီဆိုရင်တော့ မန်နေဂျာတစ်ဦး အနေနဲ့ Big Picture ကိုလည်း မသိလို့ မရပါဘူး။ မိမိလုပ်မယ့် လုပ်ငန်းစဉ်ရဲ့ ရှေ့မှာဘာတွေဖြစ်နိုင်မလဲ? ဘယ်ထိအောင် ကြိုပြင်ထားဖို့ လိုမလဲ? ဘယ်လို ပြသနာတွေဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲ? စတာတွေကို ရေရှည်အတွက် ကြိုတင်မှန်းဆ ပြင်ဆင် ထား ရပါမယ်။
နောက်တစ်ခုက မန်နေဂျာတွေမှာ Commitment လို့ခေါ်တဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး ပန်းတိုင်ထိ ရောက်အောင်  သွားတဲ့ စိတ်ဓါတ်မျိုးလည်း ပိုင်ဆိုင်ရပါမယ်။ အဲ့ဒီိလိုသွားဖို့ ကိုယ့်လက်အောက် ၀န်ထမ်းတွေကိုပါ ဆွဲခေါ်ပြီး စုပေါင်းလု ပ်  ဆောင်လို့ရတဲ့ အောင်မြင်မှုဆိုတာ ဘာလဲဆိုတာ ပြရမယ်။ ဒါမှသာ သူတို့လည်း Commitment ကို နားလည်သဘော  ပေါက်ပြီး အရည်အသွေးတိုးတက်လာမှာ ဖြစ်တယ်။  Commitment နဲ့ အတူတွဲကပ်ပြီး ပါလာတာ ဘာလဲဆိုရင် Creative Thinking လို့ခေါ်တဲ့ စိတ်ကူးဥာဏ်ဖန်တီးမှု နဲ့ Innovation လို့ခေါ်တဲ့ တီထွင်ဆန်းသစ်မှုတွေဖြစ်တယ်။ ရှေးရိုးမန်နေဂျာ တစ်ဦးလို ဘောင်တစ်ခုထဲမှာသာနေပြီး ဘာဖန်တီးမှု၊ ဘာဆန်းသစ်မှုမှ ရှိမနေုရင် ဒီခေတ် ဒီနေရာမှာ အရိုးဆွေးပြီး ကျန်ခဲ့မှာ ဖြစ်ပါတယ်။
အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ Knowledge ပဲဖြစ်တယ်။ ဒါက ငါတို့ဌာနနဲ့မဆိုင်ပါဘူး၊ ငါတို့သိစရာ မလို ပါဘူးဆိုရင် သေချာတယ် အဲ့ဒီ မန်နေဂျာ မကြာခင် ကျန်ခဲ့တော့မယ်။ မိမိကိုယ်တိုင် ကျွမ်းကျင်စရာမလိုပေမယ့် ပြင် ပဗဟု သုတ အနေနဲ့တော့ အဆက်ပြတ်လို့မရပါဘူး။ ကိုယ့်လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ Knowledge ဆို ပိုလို့တောင် စုစည်း သင့် ပါတယ်။ တိုက်ရိုက်မဆိုင်ပေမယ့် သွယ်ဝိုက်သော နည်းနဲ့ ပတ်သက်နေရတယ်ဆိုရင် သက်ဆိုင်ရာ Seminar တွေကို စဉ် ဆက်မပြတ် တက်နေရမှာ ဖြစ်ပါတယ်။
မန်နေဂျာကောင်းတစ်ဦးဖြစ်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေကတော့
1) Technical Skill
မန်နေဂျာတစ်ဦးမှာ မိမိနဲ့သက်ဆိုင်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ လုံလောက်တဲ့ Technical Skill တွေ မဖြစ်မနေ သိထားဖို့ လို ပါတယ်။ ဒါမှသာ မိမိလက်အောက်ဝန်ထမ်းတွေကို လိုအပ်တဲ့ သင်ပြမှု၊ လမ်းညွှန်မှုတွေ ပေးနိုင်မှာဖြစ်ပါလို့ အကယ် ၍ မိမိမှာ လိုအပ်ချက်တွေရှိနေသေးရင် အမြန်ဆုံးဖြည့်သင့်ပါတယ်။
2) Conceptual Skill
မန်နေဂျာတစ်ဦးမှာ ဆင်ခြင်တွေးတောခြင်းနှင့်ဆိုင်တဲ့ ကျွမ်းကျင်မှု ရှိရပါမယ်။ ဒါမှသာ မိမိဝန်ထမ်းတွေကို စီမံခန့်ခွဲတဲ့ နေရာမှာ အကျိုးအကြောင်းဆီလျော်စွာနဲ့ ဒီလိုဆို မသင့်လျော်ဘူး၊ ဒါလေးဆို ပိုကောင်းမယ်၊ ဒါကိုတော့ဖြင့် ဘာ ကြောင့်ပြုလုပ်သင့်တယ် စသည်အားဖြင့် မိမိက ဦးဆောင်သူအနေနဲ့ ဘက်ပေါင်းစုံက စဉ်းစားပြီး လမ်းပြနိုင်မှာ ဖြစ်ပါ တယ်။
3) Interpersonal Skill
လူအချင်းချင်း အပြန်အလှန် လူသားဆန်တဲ့ လူမှုပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်မှုကလည်း မန်နေဂျာတစ်ဦးရဲ့ မရှိမဖြစ်လိုအပ်တဲ့ Skill တစ်ခုပါ။ ဒီ Skill က Manager Level မှ မဟုတ်ပါဘူး Operational Level ရော Top Management Level မှာပါ မရှိမဖြစ်လိုအပ်တဲ့၊ အရေးပါတဲ့ Skill တစ်ခုပါ။ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိပြီး Organization ထဲမှာရှိတဲ့ ကိုယ်နဲ့အတူ ပူးပေါင်းလုပ်ဆောင်မယ့် သူတွေကိုလည်း ထိရောက်တဲ့ Relationship တည်ဆောက်နိုင်ရမယ်။ Work Ethic လို့ခေါ်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ စောင့်စည်းရမယ့် ကျင့်ဝတ်တွေကိုလည်း ထိန်းသိမ်းရမယ်။ မိမိက အခြားသူတွေအပေါ်မှာလည်း Positive Attitude လို့ ခေါ်တဲ့ အကောင်းမြင်ဝါဒ ရှိနေဖို့ အရမ်းအရေးကြီးပါတယ်။ အဲ့ဒီနောက်မှာတော့ Negotiation Skill ဆိုတဲ့ ညှိနှိုင်းမှုတွေလုပ်ပေးရတဲ့နေရာတွေ၊ Decision Making Skill ဆိုတဲ့ ဆုံးဖြတ်ချက် ချပေးရတဲ့နေရာတွေ၊ Problem Solving Skill လို့ဆိုတဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ နေရာတွေမှာ ကျွမ်းကျင်မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
4) Team Building Skill
မန်နေဂျာကောင်းတစ်ဦးဖြစ်လာဖို့ဆိုရင် မိမိရဲ့ Team လေးကို အဖွဲ့အစည်း စိတ်ဓါတ်ကိုယ်စီလေးနဲ့ သူ့အလုပ် ကိုယ့်  အလုပ် မခွဲခြားဘဲ စည်းစည်းလုံးလုံး ခိုင်ခိုင်မာမာတည်ဆောက်နိုင်မှ ဖြစ်ပါမယ်။ အဲ့ဒီလိုဖြစ်ဖို့ မိမိကိုယ်တိုင်က ဦး  ဆောင်ပြီး လက်အောက်ဝန်ထမ်းတွေ အပေါ်မှာလည်း မျက်နှာမလိုက်ပဲ တပြေးတညီတည်း ဆုံးဖြတ်ချက် ခိုင်မာ စွာ နဲ့ လျှောက်လှမ်းရပါမယ်။
5) Leadership Skill
ခေါင်းဆောင်မှုစွမ်းရည် ကျွမ်းကျင်မှုကတော့ အရေးပါဆုံးလို့ ဆိုရပါမယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်က မိမိ လက် အောက်ဝန်ထမ်းတွေကို ကောင်းမွန်စွာ ဦးဆောင်နိုင်ပြီး Motivation လည်း အမြဲပေးနိုင်ရမယ်။ မိမိဝန်ထမ်း  တွေအပေါ်မှာ လေးစားယုံကြည်မှုရှိပြီး Innovator တွေလည်း ဖြစ်ဖို့လိုပါတယ်။ ဒါမှ ဆန်းသစ်မှုတွေကို ရှေ့ကဦး  ဆောင် လမ်းပြ နိုင်မှာဖြစ်ပါတယ်။ ခေတ်နဲ့လျော်ညီစွာ ခေါင်းဆောင်နိုင်တဲ့သူတွေက ဘယ်တော့မှ နောက် ကျမ ကျန်ခဲ့ဘူးဆိုတာ အမြဲသတိရနေဖို့လိုပါတယ်။
နောက်ဆုံးတစ်ခုကတော့ မန်နေဂျာတွေအနေနဲ့ မိမိဌာနက လက်အောက်ဝန်ထမ်းတွေကို အရည်အချင်း  ပြည့်မှီ  လာအောင် Train ပေးတာလည်း မန်နေဂျာကောင်းတစ်ဦးရဲ့ အရည်အချင်းပါ၊ မိမိကိုယ်တိုင်လည်း သင်ယူမှုတွေ ဆက် တိုက်လုပ်နေရမှာ ဖြစ်သလို မိမိဝန်ထမ်းတွေကိုလည်း စဉ်ဆက်မပြတ် သင်ကြားမှုတွေပြုလုပ်ပေးခြင်းဟာ မန်နေဂျာကောင်း                တစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းကောင်းတစ်ခုဖြစ်တယ်ဆိုတာ ဆွေးနွေးရင်း ဒီတစ်ပတ်ရဲ့ မန်နေဂျာ ကောင်း  တစ်ဦးရဲ့ လိုအပ်သော အရည်အချင်းများ အခန်းကဏ္ဍကို နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။
စာဖတ်သူ ပရိတ်သတ်များလည်း အသိပညာ၊ အတတ်ပညာများ ဆတက်ထမ်းပိုး တိုးတက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Micromanagement မလုပ်မိအောင် မန်နေဂျာများ
ရှောင်ကြဉ်ရမယ့် အမူအကျင့် ၆ မျိုး
----------------------------------------------------------------
စီမံခန့်ခွဲရေးအရာရှိတစ်ယောက်အနေနဲ့ လုပ်ငန်းမှာ ကိုယ်ဘယ်လောက်နေရာယူပြီး လုပ်ကိုင်နေလဲဆိုတာ သိ ဖို့ခဲယဉ်းပါတယ်။ အကြီးအကဲတစ်ယောက်အနေနဲ့ ၀န်ထမ်းတွေကို စီမံရသလို လုပ်ငန်းတိုးတက်အောင် အမြဲ လုပ်ဆောင်နေရပါတယ်။ လုပ်ငန်းကို စီမံခန့်ခွဲရတာ ကိုယ့်ရဲ့တာဝန်ဆိုပေမယ့် ၀န်ထမ်းတွေကို လုပ်ပိုင်ခွင့်မ ပေးရင် ကိုယ်ဟာ နေရာတိုင်းကို ၀င်စွက်ဖက်နေတဲ့ သဘောပါပဲ။ ဒီတော့ ကိုယ်ဟာ တကယ်ပဲ လုပ်ငန်းတိုးတက်အောင် ၀န်ထမ်းတွေကို စီမံခန့်ခွဲနေတာလား၊ ဒါမှမဟုတ် နေရာတကာဝင်ပါပြီး ၀န်ထမ်းတွေကို လုပ်ပိုင်ခွင့်မပေးတဲ့သူလား လေ့လာကြည့်ရအောင်။
၁။ လက်အောက်က၀န်ထမ်းတွေ အစည်းအဝေးလုပ်တိုင်း ကိုယ်ပါနေမယ်။
ကိုယ့်လက်အောက်မှာလူတွေ ခန့်ထားတဲ့အတွက် သူတို့အလုပ်ကို ကိုယ်ဝင်လုပ်စရာမလိုပါဘူး။ အစည်းအဝေး တိုင်းကို ကိုယ်လိုက်တက်နေရင် ကိုယ့်လက်အောက်က ၀န်ထမ်းတွေဟာ သူတို့ရဲ့အကြံဉာဏ်တွေကို တင်ပြခွင့်မရှိတော့ပါဘူး။ အဆိုးဆုံးကတော့ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း သူတို့လိုက်လုပ်ကြမှာဖြစ်ပါတယ်။
၂။ ၀န်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်ကို ကိုယ်အသိအမှတ်မပြုဘူး။
ကိုယ်ဟာ ၀န်ထမ်းခန့်အပ်ရာမှာ လူကဲခတ်မတော်တဲ့ အရာရှိတစ်ယောက်ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့် အဖွဲ့သားတွေအကုန်လုံးကို အရည်အချင်းမရှိဘူးလို့ မထင်လိုက်ပါနဲ့။ ဒါဟာ ကိုယ့်စရိုက်ကြောင့်ပဲ ဖြစ်ပါတယ်။
တကယ်အရည်အချင်းရှိတဲ့ ၀န်ထမ်းဟာ လုပ်ပိုင်ခွင့်မရှိတဲ့ အလုပ်ကနေ ထွက်တတ်ကြတဲ့အတွက် ကိုယ်လုပ်နေတာကိုပဲ ထိုင်ကြည့်နေမယ့် ၀န်ထမ်းတွေနဲ့ပဲ ကျန်ခဲ့ပါလိမ့်မယ်။
၃။ ၇၀ ရာခိုင်နှုန်း စည်းမျဉ်းကိုမေ့ပြီး ၁၂၀ ရာခိုင်နှုန်းကိုပဲ ကျင့်သုံးတယ်။
ကိုယ်လုပ်သလို ကိုယ့်ဝန်ထမ်းက ၇၀ ရာခိုင်နှုန်း လုပ်တတ်ရင် ကိုယ့်အလုပ်မပျက်ဘဲ ၇၀ ရာခိုင်နှုန်းပြီးသွားတာ ပဲဖြစ်ပါတယ်။ နေရာတကာစွက်ဖက်တဲ့ စီမံခန့်ခွဲရေးအရာရှိကတော့ သူ့ထက် ၁၂၀ ရာခိုင်နှုန်းသာမှ တာဝန်လွှဲ အပ်မှာဖြစ်ပါတယ်။
၎။ Email ပို့တိုင်း ကိုယ့် Email ကိုပါ တွဲပို့ခိုင်းတယ်။
စီမံခန့်ခွဲမှုပိုင်းကျွမ်းကျင်တဲ့ အရာရှိတွေဟာ Email တွေ ၀င်ဖတ်နေဖို့အချိန်မရှိသလို တကယ်အရေးကြီးတဲ့ Email တွေကိုပဲ လက်ခံချင်ကြပါတယ်။ မစီမံတတ်တဲ့ အရာရှိတွေကသာ ရှိသမျ Email တွေ လိုက်ဖတ်ချင်ကြတာပါ။ ရှိသမျ Email တွေ ကိုယ့်ဆီကို တွဲပို့ခိုင်းတာဟာ ၀န်ထမ်းတွေရဲ့ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်ကို အထင်သေးရာ၊ မယုံကြည်ရာရောက်ပါတယ်။
၅။ ဆုံးဖြတ်ချက်တိုင်းကို ကိုယ်ချမှတ်တယ်၊ ပြဿနာတိုင်းကို ကိုယ်ဖြေရှင်းတယ်။
စီမံခန့်ခွဲရေးအရာရှိတွေဟာ သူတို့ဆီရောက်လာတဲ့ ပြဿနာတိုင်းကို ကောင်းကောင်းကိုင်တွယ် ဖြေရှင်းနိုင်ကြပါတယ်။ ဒါပေမဲ့ ပြဿနာတိုင်းကို လိုက်ဖြေရှင်းပေးနေရင် ၀န်ထမ်းတွေဟာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းမရှိကြတော့ပါဘူး။ အခက်အခဲ၊ ပြဿနာတစ်ခုခုနဲ့ ကြုံလာတိုင်း ၀န်ထမ်းတွေကို အရင်ဖြေရှင်းခိုင်းလိုက်ပါ။ သူတို့မဖြေရှင်းနိုင်တော့မှ ကိုယ်ကူညီပေးလိုက်ပါ။

၆။ တစ်ပတ်မှာ နာရီပေါင်းရှစ်ဆယ် အလုပ်လုပ်တယ်။
တကယ်လို့ ကိုယ်ဟာအထက်ပါအချက်တွေအတိုင်း လိုက်လုပ်နေတယ်ဆိုရင်တော့ ကိုယ်ပိုပြီးအလုပ်များလာ မှာပါပဲ။ စီမံခန့်ခွဲမှုကျွမ်းကျင်တဲ့ အရာရှိတွေဟာ လုပ်ငန်းနှောင့်နှေးစေမယ့်အရာတွေကို ဖယ်ထုတ်ပြီး လုပ်ငန်း အတွက် အရေးပါတဲ့အဓိကသော့ချက်ကိုပဲ ကြိုးစားလုပ်ဆောင်ကြပါတယ်။
ဖော်ပြထားတဲ့ အချက်တွေအတိုင်း ကိုယ်လုပ်နေမိပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ပြင်ဆင်ဖို့အချိန်ရောက်ပါပြီ။

"The (5) Levels of Leadership ( ခေါင်းဆောင်မှု အဆင့် (၅) ဆင့်) " ***************************************************************************
👨‍🏫(1)Position ( People Follow because they have to )

Leadership နယ် ပယ် ရဲ့ ပထမဦးဆုံး Level ကတော့ Position Level ပါပဲ။ ရာထူး Title သတ်မှတ် လိုက်ပြီ ဆိုတာနဲ့ ငါဒီရာထူးရှိပြီ ဆိုတာနဲ့ Leader အများစု က လုပ်ပိုင်ခွင့် Position ကို သုံးလေ့ရှိတာ မကြာခဏတွေ့ရတယ် ။ Position Level ဆိုတာ ရာထူး ဂုဏ်အင် အရှိန် အဝါရှိလို့ လူတိုင်း က သူ့ ချမှတ်ထားတဲ့ စည်းမျဉ်း ၊စည်းကမ်း တွေ ကို လိုက်နာ ကြတာဖြစ်ပါတယ် ။ အုပ်ချုပ်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အတွက် သူ ဘာ ပြောပြော လိုက်နာ ချင်သည် ပဲဖြစ်စေ ၊ မလိုက်နာချင်သည်ပဲဖြစ်စေ ရာထူး အရှိန်အဝါဆိုတဲ့ Title တစ်ခု နဲ့ ချမှတ်ထား တဲ့ ညွှန်ကြားချက် မှန်သမျှ ကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ် ။ သူ့လက်အောက် က ဝန်ထမ်းတွေ အားလုံး ကလည်း သူချမှတ်ထားတဲ့ စည်းကမ်း မှန်သမျှ ကို ဆန္ဒရှိသည်ပဲဖြစ်စေ၊ ဆန္ဒ မရှိသည်ပဲဖြစ်စေ လိုက်နာ ဆောင်ရွက် ရမှာ ပါပဲ ။ ဒီ Position Level တစ်ခု ရောက်လာပြီဆိုတာနဲ့ နောက်လိုက်ငယ်သားတွေ ရှိပေမယ့် စိတ်တူကိုယ်တူ လုပ်ကိုင်ပေးမယ့် Team member တွေ အများကြီး တော့ရှိလာနိုင်ဖို့ခက်ခဲတာအမှန်ပါ။.
👩‍🎓(2)Permission ( People follow because they want to )

ဒီ Level ကတော့ ဒုတိယအဆင့် Level ဖြစ် ပါတယ် ။ နောက်လိုက်ဝန်ထမ်းတွေ အားလုံး က ကတိတည် တဲ့ အပြောနဲ့ အလုပ်နဲ့ ညီ တဲ့ ခေါင်းဆောင် တစ်ယောက်ကို လိုလို လားလားနဲ့ ထောက်ခံ အားပေးမှာ အမှန်ပါပဲ ။ လုပ်ငန်းခွင်မှာ ရောက်ရှိလာတဲ့ မန်နေဂျာ တစ်ဦးကို Position အရ လူတိုင်း က ချမှတ်ထားတဲ့  စည်းကမ်းတွေ ကို လိုက်နာဆောင်ရွက်ရမှ ဖြစ်ပေမယ့် သူ့ရဲ့ နေထိုင်ပြုမူဆောင်ရွက်ပုံ တွေ ကို မျက်ခြေ မပြတ် စောင့်ကြည့် လိုက်နာ မှာ သူ့ရဲ့ နောက်လိုက် ဝန်ထမ်းတွေ ပါပဲ ။  ရာထူးအရှိန်အဝါကြောင့်မဟုတ်ပဲ နောက်လိုက်တွေနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့ ခေါင်းဆောင် ကောင်းတစ်ယောက်ကို နောက်လိုက် တိုင်း က လိုလား ကြမှာ အမှန်ပါပဲ။ နောက်လိုက်တိုင်း ကတော့ ရာထူးအရှိန်အဝါ ကို သုံးတဲ့ ခေါင်းဆောင် တစ်ဦးထက် ဝန်ထမ်းတိုင်း ကို နားလည် ပြီး ပေးထားတဲ့ ကတိ အတိုင်းပြုမူဆောင်ရွက်တတ် တဲ့ ခေါင်းဆောင်နဲ့ ရေရှည် လက်တွဲဖို့ ဆန္ဒ ရှိ ကြမှာ အမှန်ပါပဲ ။
👨‍💼(3)Production ( People follow because of what you have done for the organization)
ဒီ level ကတော့ ခေါင်းဆောင် တစ်ဦးက အဖွဲ့အစည်းတစ်ခု ကို ဘယ်လောက် အကျိုးပြု သလို ဆိုတဲ့ အဆင့် ပဲ ဖြစ်ပါတယ် ။ နောက် လိုက် တွေ က မိမိတို့အဝန်းအဝိုင်းကို စီမံ အုပ်ချုပ်နေတဲ့ ပဲ့ကိုင်ရှင်တစ်ဦး ရဲ့ အဖွဲ့ အစည်း အပေါ် မှာကော မိမိတို့အပေါ်မှာ ပါ မည်ရွေ့မည်မျှ အကျိုးပြုသလဲဆို တဲ့ ရလဒ်  ကို အမြဲ မျက်ခြေ မပြတ် လေ့လာ စောင့်ကြည့်နေတတ် ပါတယ် ။ လုပ်ငန်းခွင်အတွက် ပြုမူ ၊ပြောဆို ၊နေထိုင်မှု တွေ အား လုံး ကောင်းမွန် နေမယ် ဆိုရင် လူတိုင်း က ဒီခေါင်းဆောင် နဲ့ အတူ ရေရှည် အတူ လက်တွဲ ပြီး လုပ်ငန်း အောင်မြင်တိုးတက်ဖို့ကြိုးစားနေ ဖို့ ဆန္ဒ ရှိနေမှာ အမှန်ပါပဲ ။
👨‍⚖️🤵(4) People Development ( People follow because what you have done for them )
ဒီ Level အဆင့် ကတော့ ခေါင်းဆောင်တစ်ဦးတစ်ယောက်အနေနဲ့ မိမိလက်အောက် ဝန်ထမ်းများ ရဲ့ လုပ်ငန်း စွမ်းဆောင်ရည်ကိုအမြဲ အကဲဖြတ် ပြီး လိုအပ်သမျှ ဖြည့်ဆည်းဆောင်ရွက်တတ် တဲ့ ခေါင်းဆောင် မျိုးဖြစ်ပါတယ် ။မန်နေဂျာ တစ်ဦး အနေနဲ့  ကိစ္စများမြောင် သောအုပ်ချုပ်မှု  တာဝန်ဝတ္တရားများ ကို ၈ဝ ရာနှုန်း လောက် လုပ်ကိုင်ဆောင်ရွက်ရတဲ့ အပြင် လက်ကျန် ၂ဝ ရာနှုန်းကို  မိမိလက်အောက် ဝန်ထမ်း များ ရဲ့ လုပ်ငန်း ခွင်အရည်အသွေး တိုးတက် မှုအတွက် အမြဲ တမ်း ကြံဆ ကြိုးပမ်းနေ တာ အမှန်ပါပဲ။ ဒီလို မန်နေဂျာ တိုင်း ရဲ့ လက်အောက် ကို ဝန်ထမ်းတော်တော်များများ က နောက်လိုက်အဖြစ် နေ ထိုင် ရတာ ကျေနပ်နေတတ် တာအမှန်ပါ ။ ဒါမှသာ သူတို့ အနာ ဂါတ် အတွက် လိုအပ်တဲ့ဝမ်းစာ ကို သိုမှီး ဆည်းပူး လေ့လာနိုင်မှာ မဟုတ်ပါလား ဗျာ ။
🙏🌟(5) The Pinnacle Level ( People Follow because of who you are and what you repersent)
ဒီ Leadership, Pinnacle level အဆင့်ကိုရောက်ဖို့အတွက် အဖွဲ့ အစည်း ၊အဝန်း အဝိုင်း တစ်ခု အတွက် အကောင်းဆုံး ဆိုတဲ့ ရလဒ်တစ်ခု ကို ဖန်တီး ရမှာ အမှန်ပါပဲ ။ အတ္တ၊ပရ မျှတစွာနဲ့ မိမိ ရပ်တည်ရှင်သန် ရတဲ့ အဝန်းအဝိုင်းမှာ  အကောင်းဆုံးနာမည် ဂုဏ်သတင်း တစ်ခု ကို ရလာဖို့တွက် ဖန်တီးရှင်သန် နေထိုင် ရမှာ အမှန်ပါ။  ဒီလိုခေါင်းဆောင် တစ်ဦး တစ်ယောက်ချင်း စီအတွက် နာမည် ကိုကြားလိုက်ရုံနဲ့ သူ့နောက် လိုက် လုပ်ချင်ကြတဲ့ သူတွေ အများကြီး ၊ ယုံကြည်တဲ့ သူတွေ အများကြီး ရှိတတ်တာ သူ့ရဲ့ ပါရမီ နဲ့ ကောင်းမွန်တဲ့ အမူ အကျင့်တွေ ကြောင့် ပါပဲ။
ဥပမာ- ကျွန်တော်တို့နိုင်ငံ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ နဲ့ သူ့နောက် မှာ နောက်လိုက် တွေ က အများကြီး လက်ခံ ယုံကြည် သလိုပေါ့ဗျာ ။
👉Pinnacle level အဆင့်ရောက်ဖို့အတွက် ကလည်း ခေါင်းဆောင်တိုင်း အနေနဲ့ ဖန်တီး တည်ဆောက် လို့ အရမ်းကြီးခက်ခဲတဲ့ အဆင့် မဟုတ်ပေမယ့်  ရပ်တည်ရှင်သန်နေတဲ့ ဘဝတာတိုတိုလေး အတွင်း မှာ အားလုံး အထက်မှာ  “စံ”  တစ်ခု ဖြစ်နေဖို့လိုတယ် ဆိုတာ မဟုတ်ပေဘူးလားဗျာ .။

☀️ဒါ့ကြောင့်☀️
Leadership level အဆင့် (၅) ဆင့် မှာ မိတ်ဆွေတို့အနေနဲ့ လက်အောက်ဝန်ထမ်းတွေ အနေနဲ့ မိမိတို့စီမံ အုပ်ချုပ်မှု ကို လိုက်နာဆောင်ရွက် မှုမှာ ဘယ် အဆင့် ကြောင့် လိုက်နာ နေတာကို သုံးသပ်ပြီး လိုအပ်သမျှ ကို ထပ်မံ မွမ်းမံ ဖြည့်ဆည်းဆောင်ရွက်ပြီး အနာဂါတ် ရဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြပါစေ ဗျာ ။ 

Worst  Leader တွေမှာ တွေ့ ရတဲ့အချက် ၁၃ ချက်

1.Controlling ( အရာရာကို ထိန်းချုပ်တယ် )
2.Indecisive ( ဆုံးဖြတ်ချက် မပြတ်သားဘူး )
3.Stubborn ( သူထင်တာ အမှန်ပဲ။ သိပ်ခေါင်းမာတယ် )
4.Resist Change ( အပြောင်းအလဲကို လက်မခံဘူး )
5. Micromanage ( အသေးစိတ်က အစ လိုက်ပါချင်တယ် )
6. Lead By Fear ( ကြောက်အောင်လုပ်ပြီး အုပ်ချုပ်တယ် )
7. Visionless (ရေရှည်အတွက် ဘာမှအမြှော်အမြင် မရှိဘူး)
8. Favoritism ( မျက်နှာလိုက်တယ် )
9. Arrogance ( မိမိသာ အရေးကြီးဆုံး၊အတတ်ဆုံးလို့ ထင်တယ်။ဘ၀င်မြင့်တယ် )
10. Angry (ဒေါသကြီးတယ်)
11. Blame-Shifter ( မှားတာရှိရင် သူများကိုပဲ အပြစ်လွှဲချတတ်တယ်။ ချီးကြူးခံရင်တော့ သူပဲ ယူတယ်)
12. Driven by emotion ( အဆုံးအဖြတ်ပေးစရာတွေကို အချက်အလက်ပေါ် မူတည်ပြီး မစဉ်းစားပဲ စိတ်လှုပ်ရှားမှုနဲ့ပဲ ဆုံးဖြတ်တယ် )
13. Neglet team building ( အဆိုးဆုံး boss တွေကတော့ team အဖွဲ့ တည်ဆောက်ပြီး လုပ်ရမှန်းကို မသိဘူး )

   CANDESCENT Business Solution / Oasis

















26 Tips- A to Z of Hotel Professionalism

မိမိကိုယ်ကို Hotel Professional လို့ ပြောမယ်ဆိုရင် uniform လှလှပပ၀တ်စားရုံလည်း မဟုတ်ပါဘူး။ တက္ကသိုလ်ကဘွဲ့ ဒီဂရီတွေရရုံလည်း မဟုတ်ပါဘူး။ ငါက ဘာရာထူးဆိုပြီး ပြောနေရုံနဲ့လည်း မလုံလောက်ပါဘူး။
Professional ပီသဖို့ မိမိကိုယ်ကို သက်ဆိုင်ရာ ဟိုတယ်မှာ ဘယ်လိုပြုမူနေထိုင်ရမလည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

A= Arrive five minutes early each day
နေ့စဉ်ငါးမိနစ်စောပြီး လုပ်ငန်းခွင်သို့ရောက်ပါစေ။ ၁၅မိနစ်လောက် အမြဲနောက်ကျပြီး ရောက်လာသော ၀န်ထမ်းမျိုး မဖြစ်ပါစေနဲ့။

B= Boday Language
ခန္ဓာကိုယ် အနေအထားကို ဖြောင့်မတ်စွာရပ်ပြီး၊ eye contact လည်း ရှိရပါမည်။ အဲ့ဒီလိုပြုမှုနေထိုင်ခြင်းဟာ ယုံကြည်မှုကိုလည်း ပိုမိုတိုးတက်စေပါတယ်။

C= Communicate Clearly
မိမိပြောလိုသော အကြောင်းအရာပေါ်မှာသာ အာရုံစိုက်ထားပါ။ ပြီးရင် လိုရင်းကိုသာပြောပါ။ မလိုအပ်သော သတင်းအချက်အလက်များပေးခြင်းကို ရှောင်ရှားပါ။ ဒါပေမယ့် ဧည့်သည် သိသင့်သည်ထင်သည်များကို ထပ်မံမေးမြန်းပေးပါ။

D= Dressing Well
မြန်မာမှာ ဆိုရိုးစကားတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ လူမှာအ၀တ်၊ တောင်းမှာအကွပ်လို့ ပြောကြတယ်။ သေသပ်စွာ ၀တ်စားဆင်ယင်ခြင်းဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ကိုယ်က uniform ၀တ်တဲ့သူမဟုတ်ရင်လည်း အ၀တ်များကို မီးပူသေချာတိုက်သင့်ပါသည်။ ဒီလိုလုပ်မှသာ နောက်နေ့တစ်နေ့အတွက် ရုံးမသွားခင် အဆင်သင့်ဖြစ်နေမှာပါ။

E= Email
Email များကို အချိန်နှင့်တပြေးညီ အကြောင်းပြန်သင့်ပါသည်။ တစ်ရက်ထက် ပိုမကြာသင့်ပါ။ Email များကို မပိုခင် သေချာစွာ ပြန်လည်ဖတ်ပြီးမှ ပိုသင့်ပါသည်။

F= Friendship
မိတ်ဆွေကောင်းရှိခြင်းဟာ အရာရာကို ပြီးပြည့်စုံစေပါတယ်။ အလုပ်မှာတော့ အချင်းချင်းထွေရာလေးပါး ပြောခြင်းကို အနည်းငယ်သာ ပြုလုပ်သင့်ပါတယ်။ အထူးသဖြင့် တာ၀န်ချိန်အတွင်းမှာပေါ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်း အချင်းချင်း မနေ့ညက TV, Music Show ပွဲ စသည်တို့ကို ပြောဆိုဆွေးနွေးသင့်ပါသည်။

G= Gossip
အတင်းပြောခြင်းကိုတော့ အထူးရှောင်ရှားရမှာပါ။ ကိုယ်တိုင်လည်း ပါ၀င်မဆွေးနွေးပါနဲ့။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အလုပ်ခွင်မှာ တတ်နိုင်သမျှ နည်းပါစေ။

H= Hygiene
တကိုယ်ရေသန့်ရှင်းရေးဟာ ဟိုတယ်၀န်ထမ်းများအတွက် အရေးကြီးဆုံးထဲက တစ်ချက်ဖြစ်ပါတယ်။ နေ့စဉ် ရေချိုးပြီး၊ သေသပ်စွာ ဖီးလိမ်းပြီး ဆံပင်ကိုလည်း မျက်နှာပေါ်သို့ ဝဲ မနေစေရပါ။

I= If you are in a relationship with co-worker
နိုင်ငံခြားဟိုတယ်ကြီးတွေမှာတော့ ဆွေမျိုးသားချင်း၊ အထူးသဖြင့် လင်မယား များကို အတူတူ အလုပ်ခန့်လေ့ မရှိပါ။ နောက်ပြီး သမီးရည်းစားတွေရှိရင်လည်း policy  နှင့်ဆန့်ကျင်ပါက နှစ်ယောက်ထဲမှ တစ်ယောက်သည် နောက်ထပ်အလုပ်တစ်ခု ရှာရမှာပါ။ အထက်လူကြီးနဲ့လည်း သေခြာစွာ တိုင်ပင်သင့်ပါသည်။

J=Join in during departmental meetings
ဌာနတွင်း အစည်းအဝေးပွဲများမှာ ဖုန်းပွတ်နေခြင်းမျိုးကို အထူးရှောင်ရှားရပါမည်။ ဖုန်းသံကိုလည်း ပိတ်ထားသင့်ပါသည်။ ဘာတွေပြောတယ်၊ ဘာတွေဆွေးနွေးတယ်ဆိုတဲ့ အကြောင်းအရာတွေပေါ်မှာသာ အာရုံစိုက်သင့်ပါသည်။

K= Keep your private life private
အလုပ်ခွင်မှာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို မိတ်ဆွေများနှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်တာမျိုး မလုပ်သင့်ပါ။ နောက်ပြီး ကိုယ့်ရဲ့ Partner နဲ့ ပတ်သက်ပြီး ဆွေးနွေးခြင်းကိုလည်း မပြုလုပ်ရပါ။

L= Learn your Hotel Policies
ဟိုတယ်ရဲ့ စည်းမျဉ်း စည်းကမ်းများကို လေ့လာပြီး၊ လိုက်နာကျင့်သုံးရပါမည်။ ကိုယ်ဟာ ဟိုတယ်မှ ချမှတ်ထားသော စည်းကမ်းများကို ကျူးလွန်တယ်လို့ ခံစားမိရင် သင့်ရဲ့ အထက်လူကြီးနဲ့ တွေ့ဆုံဆွေးနွေးသင့်ပါသည်။

M= Mistake should be Apologize for
လူဆိုတာ အမှားနဲ့ ကင်းလေ့မရှိပါဘူး။ မှားသွားခဲ့လျှင် အဲ့ဒီအမှားအတွက် တာ၀န်ခံမှုရှိပါစေ။ သူတပါးကို လွှဲချခြင်းမျိုး မပြုလုပ်ရပါ။ မှားသွားပါပ တောင်းပန်ပါ။ နောက်တခါ ဒီလိုအမှာမျိုး ထပ်မကျူးလွန်အောင် တောင်းပန်းခြင်းပဲဖြစ်တယ်။

N= Never rush out
အလုပ်ချိန်ပြီးပြီးချင်း လုပ်ငန်းခွင်မှ အလျှင်စလို မထွက်ခွာသင့်ပါ။ ခဏမျှစောင့်ပြီး မပြီးသော အလုပ်များနှင့် email များကို စစ်ဆေးပြီးမှ ပြန်ပါ။

O= Organize yourself useful
ကိုယ့်ရဲ့ အလုပ်စားပွဲနှင့် အခန်းကို သန့်ရှင်းသပ်ရပ်စွာ ထားရပါမည်။ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို အံဆွဲထဲမှာ သိမ်းထားသင့်ပါတယ်။ စားပွဲတင် ပြက္ခဒိန်ကို ကိုယ့်ရဲ့ အနီးအနားမှာ သေချာစွာ ရှိပါစေ။ အလုပ်နဲ့ ပတ်သက်သော appointment, meeting စသည်တို့ကို သေချာစွာ ရေးမှတ်ထားပါ။

P= Practice any presentation in advance
ကိုယ့်ရဲ့အလုပ်နဲ့ ပတ်သက်ပြီး presentation ကို မိမိရဲ့ လုပ်ဖော်ကိုင်ဘက် သို့မဟုတ် ပရိသတ်များကို တင်ပြစရာရှိပါက ကြိုတင်ပြင်ဆင်ပြီး အသင့်ရှိနေပါစေ။ Slideshow များပြုလုပ်ပြီး၊ hand note များကို ပြန်လည်အမှတ်ရစေရန်အတွက် အသုံးပြုရပါမည်။

Q= Qualify yourself
အမြဲတမ်း လေ့လာသင်ယူဖို့ ပြင်ဆင်ထားပါ။ သင်တန်းသို့မဟုတ် ကျောင်းပြန်တက်ပြီး ကိုယ့်ရဲ့ အသိပညာ knowledge တွေကို ပိုပြီးများအောင်လုပ်ဆောင်ပါ။ ကိုယ်က သူတပါးထက် အမြဲလေ့လာနေပါက  အလုပ်ခွင်မှာ သူတပါးထက် နာတဖျ ား သာမည်မှာ မလွှဲဧကန် ဖြစ်ပါလိမ်မည်။

R= Reliability is Critical
ယုံကြည်အားကိုထိုက်သူ့ဖြစ်ဖို့ သင်ဟာတစ်ခုခု လုပ်မည်ဆိုလျှင် သူငယ်ချင်း မိတ်ဆွေများကို ပြောပြပြီး ပြောသည့်အတိုင်း ဖြစ်အောင်လုပ်ပါ။ အဲ့ဒီလို လုပ်ချင်းဟာ သင်နဲ့ သင့်မိတ်ဆွေကြားမှာ ယုံကြည်မှု ပိုမိုတိုးတက်လာစေပါသည်။

S= Slang
ဗန်းစကားတွေကို အတတ်နိုင်ဆုံး အသုံးမပြုစေချင်ပါ။ နောက်ပြီး အင်း၊ အဲ၊ ဟိုဟာ စသည့် အသုံးတွေကို နည်းနိုင်သမျှ နည်းအောင်9 ပို့လွှတ်သင်ကြားလေ့ရှိပါတယ်။ ဒါဟာ ၀န်ထမ်းတွေအတွက် တန်ဘိုး မဖြတ်နိုင်သော အတွေ့အကြုံ ကောင်းတွေကိုရရှိစေပါတယ်။

U= Unless something serious happen
မထင်မှတ်ထားသည်များ ဖြစ်ပျက်လာပါက လုပ်စရာရှိသည့် အစည်းအဝေး၊ ချိန်းဆိုထားသည်များကို အချိန်မှီ ရွှေ့လိုက်ပါ။

V= Voicemail message should be professional
တစ်ယောက်ယောက်ကို ဖုန်းပြန်ခေါ်မယ် သို့မဟုတ် တစ်စုံတစ်ခု ဂတိပေးထားပါက သတ်မှတ်ထားတဲ့အတိုင်း ပြန်လည်ဆက်သွယ်ရပါမည်။ နောက်ပြီး voice message တွေကိုလည်း ပုံမှန် စစ်ဆေးသင့်ပါသည်။

W= Well fitting clothes are important
အ၀တ်အစားက ကိုယ်နဲ့ fitting ကျတဲ့ တာတွေပဲ ၀တ်ဆင်သင့်ပါသည်။ ကျပ်လွန်းသော၊ ပွလွန်းသော အ၀တ်များကို ရှောင်ရှားပါ။

X= Xtreme task should be avoided
ကိုယ်မလုပ်နိုင်သောအလုပ် သို့မဟုတ် ကိုယ်ကိုင်တွယ်လို့ မရဟုထင်သော ကိစ္စများကို မလုပ်တတ်လျှင် မလုပ်တတ်ကြောင်း ၀န်ခံထားပါ။

Y= You must be honest with co-worker and bosses
ရိုးသားခြင်းဆိုတာ ဘယ်လုပ်ငန်းခွင်အတွက်ဖြစ်ဖြစ် အဓိကပါပဲ။

Z= Zoom
အလုပ်နဲ့ ပတ်သက်သည့် ကိစ္စများကို သတ်မှတ်ရက်မတိုင်မှီ အချိန်မှီ ကိုယ်စွမ်းရှိသလောက် ပြုလုပ်ထားရပါမည်။

Professional ဆိုတဲ့ စကားလုံးက ဒီနေ့ နေရာတော်တော်များများမှာ အသုံးပြုနေကြပါတယ်။ ဟိုတယ်လုပ်ငန်းလည်း အပါအ၀င်ပါပဲ။
ကျွန်တော်တို့ကတော့ ကိုယ်တိုင် Professional ပီသအောင် နေထိုင်ကြပါတယ်။ မိတ်ဆွေတို့လည်း ကိုယ့်ရဲ့ ပတ်၀န်းကျင်မှာ TRUE Professional ဆိုတဲ့ ဂုဏ်ပုဒ်လေးရအောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါသည်။

Credit:Victor Aung
Ref : Stephen Sawyers
(