EQ မြင့် မမြင့်ဘယ်လိုသိနိုင်မလဲ"
ခုခေတ်မှာ IQ မြင့်ဖို့ထက် EQ မြင့်ဖို့က အောင်မြင်မှုအတွက် ပိုအရေးပါတယ်လို့ လက်ခံလာကြပါတယ်။ တချို့အနုပညာသမားတွေ၊ အားကစားသမားတွေ၊ ပညာရှင်တွေဟာ သက်ဆိုင်ရာနယ်ပယ်မှာတော့ ပါရမီရှင်လို့ ပြောရလောက်အောင် ထူးချွန်ကြပေမဲ့ EQ ကနိမ့်နေတဲ့အခါမှာ ထင်သလောက် မအောင်မြင်တာ၊ အောင်မြင်မှုက မကြာရှည်တာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒါကြောင့် EQ မြင့်ဖို့ အရေးကြီးပါတယ်။
ကိုယ်ဟာ EQ မြင့်တဲ့သူ ဟုတ်မဟုတ် ဆိုတာကိုတော့ ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လို့ ရပါတယ်
၁။ Intrapersonal skill
ကိုယ့်ရဲ့စိတ်ခံစားချက်ကို
ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲဆိုတဲ့ အရည်အချင်းပါ။ ငါက ဒေါသထွက်ရင် ထိန်းမရဘူး၊ ငါ့ကို လာကျောရင် ပြန်ကျောလိုက်ရမှ ဆိုတာတွေက အဲဒီအရည်အချင်း အားနည်းတာကို ပြပါတယ်။ ပုထုဇဉ်လူသားတွေပဲမို့ ဒေါသထွက်တတ်ကြတယ်၊ ၀မ်းနည်းတတ်ကြတယ်၊ အသည်းကွဲတယ်၊ စိတ်လေတယ်၊ အပျော်လွန်သွားတယ်၊ စိတ်ဓါတ်ကျတယ်၊ မျိုးစုံသော စိတ်ခံစားမှုတွေ ရှိပါတယ်။ ဒါတွေ ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် သတိထားမိပြီး အချိန်မီ ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို ကိုယ့်ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့အခါ မလိုအပ်ဘဲ အလုပ်မှာ အဆင်မပြေ ဖြစ်ရတယ်၊ ဆက်ဆံရေးတွေ ပျက်စီးကြရပါတယ်။
၂။ Interpersonal skill
တခြားသူများနဲ့ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။ ရုံးတစ်ခုမှာ၊ ဆိုကြပါစို့၊ ရှိသမျှ ၀န်ထမ်းအားလုံးက အကျင့်ပျက်တယ်၊ လာဘ်ယူတယ်၊ တစ်ယောက်ကပဲ ဒါမျိုးတွေ လုံးဝမလုပ်တော့ သူ့ကို အားလုံးက မုန်းတယ်၊ အပေါင်းအသင်း အဆက်အဆံ မလုပ်ဘူး။ ဒါမျိုးကို EQ နိမ့်တယ် ပြောလို့ရသလား။
နောက်ပြီး အပေါင်းအသင်းတော့ များတယ်၊ ပေးနိုင်ကမ်းနိုင်၊ ကျွေးနိုင်မွေးနိုင်လို့ဖြစ်ဖြစ်၊
ရယ်စရာဟာသတွေ
သိပ်ပြောလို့ဖြစ်ဖြစ်ပေါ့။ အဲဒီလိုဖြစ်တာနဲ့ EQ မြင့်ပြီလား။
အထက်လူကြီးတွေကိုတော့ ၀င်တတ်၊ ထွက်တတ်လို့ ဆက်ဆံရေးအဆင်ပြေပြီး ကိုယ့်အောက်ကလူကျ နှိမ့်ချဆက်ဆံတတ်တဲ့သူမျိုးဆိုရင်ရော။
လူဆိုတာ ကိုယ့်ထက်နိမ့်တဲ့သူကို သနားဖို့ လွယ်တယ်၊ ကိုယ့်ထက်သိပ်မြင့်တဲ့သူကိုလည်း
အားကျဖို့ လွယ်ပါတယ်။ တန်းတူလောက်ရှိတဲ့သူ၊ သိပ်မကွာတဲ့သူတွေအပေါ်သာ မုဒိတာပွါးဖို့ ခက်ကြတာပါ။
တကယ်တမ်းတော့ Interpersonal skill မြင့်တယ်ဆိုတာဟာ လူတစ်ဖက်သားကို ဘယ်လောက်ထိ လေးလေးစားစား ဆက်ဆံနိုင်သလဲ၊ ဘယ်လောက်ထိ ဖြည့်တွေးပေးနိုင်သလဲ ဆိုတဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။
သူ့မှာလည်း ခိုင်မာတဲ့ယုံကြည်ချက်ရှိတယ်၊ တစ်ဖက်မှာရှိနေတဲ့၊ သူနဲ့မတူတဲ့ ယုံကြည်ချက်ကိုလည်း လေးစားတယ်၊ လူတွေအားလုံးမှာ တန်ဖိုးတစ်ခုစီတော့ ရှိကြတယ်လို့ မြင်တယ်၊ ဘယ်သူ့ကိုမှလည်း အောက်မကျို့သလို ဘယ်သူ့ကိုမှ အထက်စီးက မဆက်ဆံဘူး။ အကြောင်းကိစ္စတိုင်းမှာ သူဘယ်လိုများနေမလဲ၊ သူဘာလို့များဒီလိုလုပ်တာလဲ ဆိုပြီး သူတစ်ပါးဘက်ကနေ ထည့်စဉ်းစားပေးတတ်ကြတယ်။ ဘယ်တော့မှ သူ့တစ်ဖက်တည်း မကြည့်တတ်ကြဘူး။

ဒီလိုအရည်အသွေးမျိုးရှိမှ Interpersonal skill မြင့်တယ် သတ်မှတ်လို့ ရပါမယ်။
၃။ Flexibility &
Adaptability
Smartness ဆိုတာ အခြေအနေအသစ်တစ်ခုမှာ ဘယ်လောက်မြန်မြန် အသားကျသလဲ၊ ပညာရပ်တစ်ခုကို ဘယ်လောက်မြန်မြန်သင်ယူနိုင်သလဲဆိုတာကို ခေါ်တာပါ။ ခုခေတ်လို ဒီနေ့နဲ့မနက်ဖြန်တောင် သိပ်မတူချင်တော့တဲ့ ကာလမှာ ဒီအရည်အသွေးက အရေးပါလာပါတယ်။ ကိုယ်သိထားတဲ့အတိုင်း၊ ကိုယ်လုပ်နေကျအတိုင်းပဲ၊ လွယ်လွယ်နဲ့မပြောင်းနိုင်ဘူး၊ အခြေအနေသစ်တစ်ခုမှာ အခြေကျဖို့ သိပ်ခက်နေတယ်ဆိုရင် အဲဒါကို ပြင်နိုင်ဖို့ လိုပါတယ်။
၎။ Self confident &
open minded
အရပ်ပုတာချင်း တူပေမဲ့ တစ်ယောက်က ဒါနဲ့ပတ်သက်ပြီး အငုံ့စိတ်ရှိနေတဲ့အခါမှာ နည်းနည်းလေးမှ အစအနောက်မခံဘူး၊ အရမ်း Sensitive ဖြစ်တယ်။ သူ့ကိုပုတယ်ပြောလိုက်တာနဲ့ ပြန်ချေပတယ်၊ စိတ်သိပ်ဆိုးတယ်။ နောက်တစ်ယောက်ကတော့ စိတ်ဆိုးဖို့မပြောနဲ့၊ သူများမပြောခင်တောင် သူက အရင်စပြောနေလိုက်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရပ်အမောင်းနဲ့ ပတ်သက်ပြီး အားငယ်မနေဘူး။ လူပုံပန်းသွင်ပြင်ဟာ လူတစ်ယောက်ရဲ့တန်ဖိုးကို အဆုံးအဖြတ် မပေးနိုင်ဘူးဆိုတာကို ကောင်းကောင်းသိထားတယ်။
တချို့ကျ ကိုယ့်ကိုကိုယ်အရမ်းကြော်ငြာတယ်၊
ကိုယ်တော်ကြောင်းတတ်ကြောင်း လူသိပ်သိစေချင်တယ်၊ အချီးကျူးခံချင်တယ်၊ အလေးစားခံချင်တယ်။ အဲဒါတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာ၊ အငုံ့စိတ်ဝင်နေတာကို ပြပါတယ်။
၅။ Stress management
ဘ၀မှာ အောင်မြင်ချင်တဲ့သူတိုင်း မလွဲမသွေ ရင်ဆိုင်ရမှာတစ်ခုကတော့ စိတ်ဖိစီးမှုပါပဲ။ ယူရတဲ့တာဝန်က ကြီးလာလေလေ၊ ကိုယ့်နောက်မှာပါလာတဲ့လူတွေ များလာလေလေ၊ စိတ်ဖိစီးမှုကလည်း ကြီးလာလေလေပဲ။ အရည်အချင်းရှိပေမဲ့ အဲဒီ Stress ကို မခံနိုင်တဲ့အခါမှာ မတိုးတက်လာကြတာတွေ မြင်ဖူးမယ်ထင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲ၊ ထွက်ပေါက်ပေးနိုင်သလဲ ဆိုတာ အရေးကြီးပါတယ်။ ဘာမဟုတ်တာလေးအတွက် သတ်သေကြတာ၊ အကြီးအကျယ် ခံစားနေကြတာတွေ၊ အလဟဿ အချိန်ဖြုန်းပြီး အပျော်အပါးနောက် လိုက်ရင်း ထွက်ပေါက်ပေးလိုက်တာတွေက စိတ်ဖိစီးမှုကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုတဲ့သဘောပါပဲ။
၆။ General mood
တစ်ခါတုန်းက အဖိုးကြီးတစ်ယောက် အိပ်နေတုန်း သူရဲ့ မုတ်ဆိတ်မှာ သူ့မြေးလေးတွေက နောက်ပြောင်တဲ့သဘောနဲ့ အင်မတန်အနံ့ပြင်းတဲ့ ခရင်မ်တွေ သွားသုတ်ထားသတဲ့။ အဲဒါနဲ့ အဖိုးကြီးကနိုးလာတော့ အဲဒီအနံ့ဆိုးဆိုးကြီးကို ရနေတာပေါ့။ ဘယ်နားမှာလဲ လိုက်ရှာတယ်၊ မီးဖိုချောင်ထဲသွားတော့လည်း ဒီအနံ့၊ အိမ်ရှေ့ထွက်တော့လည်း ဒီအနံ့၊ ဘယ်သွားသွား အနံ့က ရနေတော့ သူက ပြောလိုက်တယ်၊ ဟာ နေရာအနှံ့မှာ ဒီအနံ့ကြီး ရနေတော့တာပါပဲလား တဲ့။ အမှန်တော့ သူ့မုတ်ဆိတ်မှာ စွဲနေတဲ့ ခရင်မ်ရဲ့အနံ့ကို သတိမထားမိဘဲ တစ်လောကလုံးက အနံ့ထွက်နေတယ် ထင်နေတာပါ။
လက်တွေ့မှာလည်း ဒီလိုလူတွေ တွေ့ဖူးပါတယ်။ သူတို့တွေနဲ့ စကားကြည့်လိုက်ရင် ဘယ်တော့မှ သူတို့မှားတယ်ဆိုတာ မရှိဘူး၊ လောကကြီးကပဲ မတရားသလိုလို၊ မကောင်းတဲ့လူတွေနဲ့ပဲ ပြည့်နှက်နေသလိုလို ပြောတတ်ကြတယ်။ နောက်ပြီး လူတစ်ဖက်သားအပေါ် လေးစားမှု၊ ယုံကြည်မှုလည်း နည်းကြတယ်။ ပုံမှန်ကြည့်လိုက်ရင်ကို မျက်နှာထားတွေ ခက်ထန်နေတယ်၊ ရယ်ခဲပြုံးခဲတယ်၊ ဘ၀ကို မပျော်ရွှင်နိုင်ကြဘူး။
အဲဒီလိုလူတွေအတွက် တစ်ခုပြောပြချင်ပါတယ်။
တက္ကသိုလ်တစ်ခုမှာ ဟောပြောခဲ့တဲ့ မျက်စိလည်းမမြင်၊ နားလည်းမကြားတဲ့ ဟယ်လင်ကဲလားရဲ့ မိန့်ခွန်းဟာ ပျော်ရွှင်မှုနဲ့သက်ဆိုင်တဲ့အကြောင်းနဲ့ သူ့ဘ၀မှာ ပိုင်ဆိုင်ခဲ့ရတာတွေအတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောသွားခဲ့တာ ဆိုတာပါပဲ။
ဒီအချက်(၆)ချက်နဲ့ ဆန်းစစ်ကြည့်ပါ။ အကယ်၍များ အားနည်းနေသေးတယ်ထင်ရင် ကြိုးစားပြီး ပြင်ကြည့်ပါ။
ကိုယ့်ခံစားချက်တွေ ပိုသတိထားမိစေဖို့၊ ပိုပြီးထိန်းချုပ်နိုင်စေဖို့အတွက်
တရားထိုင်ပါ။
HR Manager နှင့် Admin Manager"
---------------------------------------------
HR Manager တစ်ဦးရဲ့အဓိကတာဝန်တွေထဲကတစ်ခုကတော့ ဝန်ထမ်းရွေး ချယ်ခန့်ထားရာမှာ လူမှန်နေရာမှန်ဖြစ် အောင် ခန့်ထားနိုင်ဖို့ဖြစ်ပါတယ်။
ဥပမာ Receptionist တစ်ယောက် လိုအပ်တယ်ဆိုရင် Reception သဘောတရားကို အခြေခံနားလည်တာ၊ ကွန်ပျူတာ ကျွမ်းကျင်မှုလို Technical Skill ရှိတာ၊ အဓိကအချက်ဖြစ်တဲ့ အင်္ဂလိပ်လိုပြောနိုင် တာ၊ ဖော်ရွေတဲ့အမူအရာရှိတာနဲ့ဖြစ်နိုင် ရင် လုပ်ငန်းအတွေ့အကြုံရှိတာစတဲ့ လို အပ်ချက်နဲ့လျှောက်လွှာရှင်ရဲ့ အရည်အ ချင်းတွေကိုက်ညီမှုရှိအောင် ခန့်ထားနိုင်ဖို့ HR မန်နေဂျာမှာ တာဝန်ရှိပါတယ်။ ဒါက ဝန်ထမ်းရွေးချယ်ခန့်တဲ့ကဏ္ဍပေါ့။
နောက်ပြီးဝန်ထမ်းတွေလိုက်နာဖို့ ချ မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက် နာမှုရှိမရှိဆိုတာကိုလည်း အမြဲတမ်းသိရှိ အောင်လုပ်ရပါတယ်။ ဝန်ထမ်းတွေရဲ့ရပိုင် ခွင့်လစာနှင့် အကျိုးခံစားခွင့်တွေစနစ်တ ကျဖြစ်အောင် စီမံဆောင်ရွက်ဖို့ကလည်း HR Manager တစ်ဦးရဲ့တာဝန်ဖြစ်ပါတယ်။
HR Department အနေနဲ့လုပ်ကိုင် ဆောင်ရွက်တဲ့တာဝန်တွေထဲမှာ Training & Development ဟာ လုပ်ငန်းလည်းပါဝင်ပါ တယ်။ hotel service ဆိုတာ လူတွေကိုဝန် ဆောင်မှုပေးတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ကြောင့် တယ်လီဖုန်းဖြေကြားပုံဖြေကြား နည်း။ Customer တစ်ဦ:ဝင်လာ ရင် ဖော်ရွေပျူငှာအပြုံးနဲ့ကြိုဆိုနည်းစတဲ့ ,,,,,,
HR Department အနေဖြင့် ဝန်ထမ်းတွေရဲ့ Motivation အစီအစဉ်အတွက် စီမံ ဆောင်ရွက်ပေးရပါတယ်။ Staff ပါတီလုပ် ပေးရပါတယ်။ ဒီပါတီမှာ တစ်နှစ်ဝက်အ တွင်းအတော်ဆုံးဝန်ထမ်းဆု၊ အဖော်ရွေ ဆုံးဆုနှင့် အပြုံးဆုပိုင်ရှင်ဆိုပြီး ဆုငွေနဲ့ Certificate လက်မှတ်ချီးမြှင့်ပေးလေ့ရှိပါ တယ်။
ဆုတွေအပေါ်ကိုဌာနမှူးတွေ အမှတ် ပေးရွေးချယ်ပြီး General Manager အပါ အဝင်ဌာနမှူးအားလုံးရဲ့ သဘောတူညီ ချက်နှင့် ဆုတွေချီးမြှင့်လေ့ရှိပါတယ်။ အဲဒီ လိုမျိုး Motivation Program တွေဟာ လည်း HR မန်နေဂျာမှာတာဝန်ရှိပါတယ်။
နောက်ပြီး ဝန်ထမ်းတွေရဲ့သာရေး၊ နာရေး၊ ကျန်းမာရေး၊ လုံခြုံရေးကအစ HR ဌာနက တာဝန်ယူဆောင်ရွက်ပေးရပါ တယ်။ အပြင်မှာ ဖြစ်ပျက်နေတာတွေကို လည်း HR ဌာနရဲ့တာဝန်လို့ဆိုရမှာဖြစ်ပါ တယ်။
HR Manager တွေစောင့်ထိန်းရမယ့် အချက်တွေထဲက အရေးကြီးဆုံးအချက်က တော့ ဘက်မလိုက်ဖို့ပါ။ အလုပ်ထဲမှာ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်သူတွေ၊ ကိုယ်နဲ့မ ကင်းရာမကင်းကြောင်း ဝန်ထမ်းတွေရှိ တတ်ကြပါတယ်။ အခက်အခဲပြဿနာ တစ်ခုခုကို ဖြေရှင်းတဲ့အခါကျရင်တော့ ဘက်မလိုက်ဖို့ အလွန်အရေးကြီးပါတယ်။ အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြမ်း တတ်ဖို့လိုပါတယ်။
HR Manager တွေဟာ အထက်လူ ကြီးနှင့် အောက်ဝန်ထမ်းတွေကြားထဲ ပေါင်းကူးပေးတဲ့ တံတားတစ်စင်းဖြစ်ပါ တယ်။ အထက်လူကြီးကိုမှန်ကန်တဲ့ သင် ပေးရသလို လိမ္မာပါးနပ်စွာတင်ပြတတ်ဖို့ လည်း အရေးကြီးပါတယ်။ အထက်နှင့် အောက်ဆက်သွယ်ပေးတဲ့ HR Manager အနေဖြင့် မှန်ကန်တဲ့သတင်းပေးရမယ်။ ဘက်မလိုက်ရဘူး၊ မျှတရမယ်ဆိုတာ HR Manager တွေစောင့်ထိန်းရမယ့် ကျင့်ဝတ် ပဲဖြစ်ပါတယ်။
Admin Department က လုပ်ငန်း တိုင်းမှာ လိုအပ်ပါတယ်။ ကုမ္ပဏီကချမှတ် တဲ့ စည်းမျဉ်းစည်းကမ်းတွေထိန်းသိမ်းဖို့ ကုမ္ပဏီလုပ်ငန်းတွေလည်ပတ်ဖို့အတွက် Register လို စာရွက်စာတမ်းကိစ္စအဆင် ပြေချောမွေ့စွာလည်ပတ်ဖို့ လိုအပ်နေတဲ့ သယ်ယူပို့ဆောင်ရေးစတဲ့ ထောက်ပံ့ရေး ကိစ္စတွေ စီမံခန့်ခွဲပေးတာတွေကို Admin ဌာနက တာဝန်ယူဆောင်ရွက်ရပါတယ်။
Admin Manager အနေဖြင့် စနစ်တ ကျစီမံခန့်ခွဲပေးမှ တခြား Sales, Marketing, Finance စတဲ့ဌာနတွေအတွက် လိုအပ် ချက်တွေကို ထိထိရောက်ရောက်ဖြည့် ဆည်းပေးနိုင်မှာဖြစ်ပါတယ်။
လောင်စာဆီ၊ မော်တော်ယာဉ်တွေရဲ့ ပြုပြင်ထိန်းသိမ်းရေး၊ မော်တော်ယာဉ်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းစတာတွေကို စီစဉ်ဆောင်ရွက်ပေးရပါသေးတယ်။ လုပ် ငန်းသဘောတရားတွေ ဘယ်လိုပဲကွဲပြား နေပေမဲ Admin Department ကတော့ လုပ်ငန်းအဆင်ပြေချောမွေ့ရေးအတွက် ထောက်ပံ့ပေးရတဲ့ ဌာနလို့ဆိုနိုင်ပါတယ်။
နောက်ပိုင်းကုမ္ပဏီတွေမှာ HR Department တွေထားကြတယ်။ Admin Department ကတော့ အုပ်ချုပ်ရေးနှင့် စီမံခန့် ခွဲရေးတာဝန်တွေရှိတယ်။ HR Department မှာတော့ လုပ်ငန်းအတွက်လိုအပ်တဲ့ အ ရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းတွေစု ဆောင်ရေး၊ ခန့်ထားရေးအပိုင်းတွေ ပိုမိုပါ ဝင်လာမယ်။ အဲဒီဝန်ထမ်းတွေနဲ့စွမ်းရည် ပြည့်ဝရေးအတွက် လိုအပ်တဲ့ Training ပေးရေး၊ ဝန်ထမ်းခံစားခွင့်နှင့် ကုမ္ပဏီစည်း မျဉ်းနဲ့အညီ အုပ်ချုပ်ရေးစတာတွေပါဝင်ပါ တယ်။ စီမံခန့်ခွဲရေးအပိုင်းထက် ဝန်ထမ်း ရေးရာဘက်မှာ ပိုမိုတာဝန်ရှိပါတယ်။
လုပ်ငန်းသဘောသဘာဝအရ ကုမ္ပဏီတိုင်း၊ လုပ်ငန်းတိုင်းတွေ့ကြုံရလေ့ ရှိတဲ့ တခြားအခက်အခဲလေးတွေနဲ့အတူ ဝန်ထမ်းအချိုရဲ့ကုန်ပစ္စည်းအလွဲသုံးစားမှု တွေပေါ်ပေါက်လာတဲ့အခါမှာလည်း Admin မန်နေဂျာက ဖြေရှင်းပေးရမှာဖြစ်သ လို လိုအပ်လာရင် Admin မန်နေဂျာကပဲ တရားလိုလုပ်ပြီး တရားစွဲဆိုအရေးယူရတာ မျိုးလည်းရှိတတ်ပါတယ်။
Admin Manager တစ်ယောက်ဟာ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေနဲ့ဆက် ဆံတဲ့အခါမှာ အဆင်ပြေချောမွေ့ဖို့လိုအပ် ပါတယ်။ “ငါက မန်နေဂျာအဆင့်ပဲ သူတို့ ကတော့ ငါ့လက်အောက်ဝန်ထမ်းတွေပဲ” ဆိုပြီး “ငါပြောရင်အတည်ပဲ။ အမှန်ပဲ” ငါ ပြောရင် တထစ်ချနာခံရမယ်”ဆိုတဲ့ စိတ် မျိုးမရှိဖို့လိုအပ်ပါတယ်။ ကိုယ့်လက် အောက်က ဝန်ထမ်းတစ်ယောက်အပြစ် လုပ်မိခဲ့တယ်ဆိုရင်တောင်မှ သူ့ကိုသေချာ နေရာပေး၊ ကိုယ့်ရှေ့မှာ ထိုင်းခိုင်းပြီး သူ့ အပြစ်သူလက်ခံလာအောင် ဆွေးနွေးတာ ပိုကောင်းတယ်လို့ထင်ပါတယ်။
ကိုယ့်လက်အောက်ဝန်ထမ်းဆိုပေမဲ့ သူတို့မှာလည်း ပညာအသီးသီးတာဝန်အ သီးသီးရှိတဲ့ လူတွေပဲဖြစ်ပါတယ်။ သူတို့ကို လည်း အပြန်အလှန်လေးစားမှုရှိဖို့လိုအပ် ပါတယ်။ ကိုယ့်လက်အောက်ဝန်ထမ်းတစ် ယောက်ယောက်ကို တာဝန်တစ်ခုခုပေး တော့မယ်ဆိုရင် သူ့ကိုယုံကြည်လို့ ဒီတာ ဝန်ပေးအပ်တာဖြစ်ကြောင်း သိရှိအောင် ပြောရပါတယ်။
Admin Manager တစ်ယောက်ဟာ ကိုယ့်ဝန်ထမ်းတွေဆီက အကြံဉာဏ်ယူ တတ်ဖို့လည်း လိုအပ်ပါတယ်။ တစ်ခါတ လေ ကိုယ်ကအလုပ်တွေနဲ့လုံးချာလိုက်နေ ရင် ကိုယ်သတိမထားမိတဲ့ လွတ်နေတဲ့အ ချက်ကို သူတို့ပြောပြတဲ့၊ ပေးတဲ့အကြံပြု စကားတစ်ခွန်းကနေ အမှတ်မထင်ဖြည့် ဆည်းပေးသလို ဖြစ်တတ်ပါတယ်။
ဝန်ထမ်းတွေနဲ့အစည်းအဝေး မကြာ ခဏလုပ်ပြီး သူတို့ဆီကအကြံဉာဏ်ရယူ နိုင်သလို အားလပ်တဲ့အခါမှာလည်း ကိုယ့် ဝန်ထမ်းတွေနဲ့အတူတကွ စားသောက်ကြ ရင်း မိတ်ဆွေတွေလို၊ သူငယ်ချင်းလိုပွင့် ပွင့်လင်းလင်းပြောဆိုဆွေးနွေးလေ့ရှိပါ တယ်။ တစ်ယောက်နှင့် တစ်ယောက်လေး စားမှုဆိုတဲ့စည်းကတော့ နှစ်ဖက်စလုံး စောင့်ထိန်းရတာပေါ့။ ဒီလိုသူတို့နဲ့ပွင့်ပွင့် လင်းလင်းဆက်ဆံတဲ့အခါ ကိုယ်လွတ်နေ တဲ့အချက်တွေကို ပြန်သုံးသပ်လို့ရလာပါ တယ်။
Admin Manager တစ်ယောက် ရှောင်ကြဉ်ရမယ့်အချက်တွေထဲက အရေး ကြီးဆုံးတစ်ချက်ကိုပြောပါဆိုရင် လက် အောက်ငယ်သားတွေကိုအုပ်ချုပ်တဲ့အခါ ဘက်မလိုက်ဖို့ပါ။
တရားမျှတဖို့ အလွန်အ ရေးကြီးပါတယ်။ဒီလောက်ဆိုရင် HR Manager နှင် Admin Manager နှစ်ဦးရဲ့တာဝန်တွေကို အနည်းငယ်ယှဉ်ကြည့်လို့ရနေပြီပေါ့နော်။

MAINTENANCE
VI – 1 PM Program/Safety
VI – 2 Elevator Testing
VI – 3 In Room/Package A/C Units
VI – 4 Housekeeping Equipment PM
VI – 5 Utility Meter Reading
VI – 6 Fire Drills
VI – 7 Smoke Detectors/Emergency Lighting
VI – 8 Maintenance Requests
VI – 9 Associate Areas
VI – 10 Key Control
VI – 11 Pool Maintenance
SALES
VII – 1 Call Quota
VII – 2 Market Analysis Share
VII – 3 Advertising Print Media
VII – 4 Service Marks
VII – 5 Group Room Control
VII – 6 Public Relations
VII – 7 Group Conduct Letter
VII – 8 Hotel/Meeting Website
(င) controlling
(1) အဓိ့ ကအားဖြင့် cost and quality ကို ညီမျှအောင် ထိန်းပေမည်။ဥပမာအားဖြင်.—cost ကိုထိန်းသောအားဖြင်. Hotel
သုံးitems များအားဓျေးပေါသေားပစ္စည်းများ သုံးမည်ဆိုပါက quality ညံပေလိမ့်မည်။
Quality ထိန်းသေားအားဖြင့် တန်ဖိုးမြင့်ပစ္စည်း
သုံးမည်ဆိုပါက cost၏ limited budget ကိုကျော်လွန်ပေလိမ့်မည်။
(2) အရည်ချင်းရှိ့သေား ၀န်ထမ်းများကိုေ၇၇ှည်
လုပ်ကိုင်နိင်ရန် incentive ပေး၍ ထိန်းရန်လိုပေသည်။
(3) မိ့မိ့၏ regular customer များအားထိန်းရန်
service နှင့်facilities/amenities တို့ ကို quality မြင့်စေ၇န် အမြဲမပြတ် ကြိုးစားရန်လိုပေသည်။
budget limit/investment/P&l statement/
|
||||||
cost
|
||||||
depend on management
|
product
|
customer
|
target goal
|
|||
quality
|
||||||
depend on target customer/service/
|
||||||
No comments:
Post a Comment