Wednesday, August 10, 2016




FOOD & BEVERAGE
III – 1 Special Promotions
III – 2 Menus
III – 3 Restaurant Operations
III – 4 Lounge Entertainment
III – 5 Inventories
III – 6 Beverage Policy Statement
III – 7 Banquet Operations
III – 8 Beverage Prices/Happy Hour
III – 9 Complimentary Food
III – 10 Security F&B
III – 11 Food Storage
III – 12 Advance Deposit Policy
III – 13 Payment of Service Charges
III – 14 Accounting In-House Outlet Charges
III – 15 ServSafe Certification
ADDITIONALL KNOWLEDGE--
Hotel မှာဖြစ်စေ၊ Restaurant မှာ ဖြစ်စေ မည်သည့် Kitchen မှာဖြစ်စေ အစားအသောက်နှင့် ပတ်သက်လျှင် သပ်ရပ်သန့်ရှင်းပြီး၊ ပျက်စီးဆုံးရှုံးမှုနည်းအောင်
ထိန်းသိမ်းလုပ်ကိုင်ကြရမှာဖြစ်တယ်။ ဒါမှ ကျန်းမာရေးနှင့် ညီညွတ်၊ အာဟာရပြည့်ဝပြီး ကုန်ကျစရိတ်တွေလည်း သက်သာမှုရှိမှာဖြစ်တယ်။
လေ့လာရတာလွယ်ကူအောင် အကြမ်းမျဉ်း အသီးအရွက် (Vegetables) အသားငါး (Meat) ကုန်ခြောက်နှင့် စည်သွတ်ဘူး (Dry Food & Tin) ဆိုပြီး ခွဲခြားလိုက်မယ်။
၁။ အသီးအရွက်များ ဈေးကပြန်လာပြီဆိုတာနဲ့ အရည်အသွေးကောင်းရဲ့ လား၊ မှန်ကန်မှုရှိရဲ့လား စစ်ဆေးပါ။ ပြီးလျှင် ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။ ပြီးလျှင် ဃ့ငူနမ ထဲမှ စီစဉ်ကျနစွာ သိမ်းပါ။ ပလတ်စတစ်ဖိုင်တွေနဲ့ ပတ်သင့်တာပတ်ပါ။ ဘူးတွေ ထဲ ထည့်သင့်တာထည့်ပါ။ အရမ်းအေးလျှင် အသီးအရွက်တွေ ရေခဲကိုက်တတ်ပြီး အအေးဓာတ်လိုလျှင်လည်း အရွက်တွေ ဝါသွားတတ်ပါတယ်။ ဒါကြောင့် အပူချိန်ကို (5 C - 10 C) အတွင်း ထားသင့်ပါတယ်။ Standard အနေနှင့်ကတော့ 7 C ထားကြပါတယ်။ မည်သည့် ပစ္စည်းတွေဖြစ်စေ၊ ပထမရောက်တာ အရင်သုံးရမည်။ (FIFO) First in First Out ဆိုတဲ့ စနစ်ကို သုံးရပါမယ်။ အသီးအရွက်တွေကို Miseen' Place (ကြိုတင်ပြင်ဆင်မှု) အတွက် ကြိုတင်လှီးဖြတ်ထားတာတွေကို ဘူးလေးတွေနှင့်ထည့် ပြီး သီးသန့်သိမ်းထားပေးရမည်။ လိုအပ်တဲ့အခါ ယူသုံးလို့လွယ်ပြီပေါ့။
၂။ အသားငါးတွေကို ဈေးကဝယ်ပြီး ရောက်လာတာနဲ့ အပြင်မှာ ကြာကြာမထား ပါနှင့် စစ်ဆေးလက်ခံပြီးရင် သန့်ရှင်းအောင် ဆေးကြောကိုင်တွယ်ပြီး Protion လုပ်ထား ပါ။ အပြင်မှာ ကြာသွားလျှင် Colour ပြောင်းပြီး အနံ့ဆိုးတွေ ထွက်လာတတ်ပါတယ်။ Portion တွေ လုပ်ပြီးလျှင် ပလတ်စတစ်နှင့် ပါကင်ပိတ်ပြီး Date တွေ အမည်တွေ ရေးထားပါ။ ပြီးလျှင် သူ့အကန့်နှင့်သူ (-18 မှ -23 C) Freezer ကြားအေးတဲ့ထဲမှာ စီထည့်ပါ။ ဒီလိုပလတ်စတစ်အိတ်ပိတ်ထားတော့ ရနံ့ဆိုးတွေ သက်သာသလို အသားထဲမှာပါတဲ့ သွေးဓာတ်၊ ရေဓာတ်တွေကလည်း ဆုံးရှုံးမှုနည်းမှာဖြစ်ပြီး ရေရှည်ခံမှာဖြစ်တယ်။ ဒီလို အသားတွေကိုင်ပြီးသွားလျှင် လက်ကို သေချာစွာ ဆေးဖို့မမေ့ပါနဲ့ဦး။
၃။ ကုန်ခြောက်နှင့် စည်သွတ်ဘူးတွေကို Store ထဲမှာ Room Temperature နှင့် သိမ်း ထားပါ။ Room temperature ကို (20 C မှ 25 C) ကြားလို့ သတ်မှတ်ပါတယ်။ စံတစ်ခုအနေနဲ့ကတော့ 23 C သတ်မှတ်ပါတယ်။ အခန်းအပူချိန်များနေလျှင် အင်းဆက် ပိုးတွေများလာတယ်။ အဆိုးဆုံးကတော့ ပိုးဟပ် (Cockroach) တွေပါ။ သူတို့ဟာ ပေါက် ဖွားမှုနှုန်းလည်း အရမ်းမြန်တော့ ရှင်းလင်းရတာ အခက်တွေ့တာပေါ့။ ကုန်ခြောက်တွေ ထားဖို့ စင်တွေထိုးထားရပါမယ်။ နံရံနှင့်လည်း မကပ်မိအောင်၊ ကြမ်းပြင်နှင့်လည်း မနီး အောင်နှင့် မျက်နှာကျက်နှင့်လည်း ခွာပြီးထားရပါတယ်။ ပစ္စည်းတွေကို သူ့အကန့်နှင့်သူ စီပြီးထားရပါမယ်။ သွင်းတဲ့ပစ္စည်းအရေအတွက်တွေနှင့် ထုတ်တဲ့ပစ္စည်း အရေအတွက် ဘယ်လောက်ကျန်တယ်ဆိုတာကို စာရင်းပြုစုထားရမယ်။ ပုလင်းတွေ၊ သံဘူးတွေနှင့် ဗူးတွေမှာ အဓိကသတိထားရမှာက Expire Date ကို ကြည့်ပြီး သုံးရပါ မယ်။ Date ကျော် သွားလျှင်တော့ မသုံးပါနှင့်တော့။
အသားငါးတွေ Freezer ထဲထည့်လျှင် သတိထားရမှာက သွေးတွေ ယိုစိမ့်မှုမရှိ အောင် အနံ့အသက်များ မထွက်အောင် သူ့အကန့်နှင့်သူ လုံခြုံစွာ Platic ပိတ်၍သိမ်း ဆည်းရပါမယ်။ လုပ်ငန်းသေးသေးမှာဖြစ်စေ၊ မိမိအိမ်မှာဖြစ်စေ၊ ရေခဲသေတ္တာလုံလောက် မှုမရှိပါက ပုံထဲမှ ပြထားသလိုပဲ အဆင့်လေးတွေအလိုက် အားလုံးထည့်လိုက်ရပါတယ်။ အောက်ဆုံးအဆင့်မှာ Poultry ကြက်၊ ငှက်၊ ဘဲ စတာတွေထည့်မယ်။ ဒါထက် အပေါ်က Ground Meat (ကြိတ်ချေထားသောအသား) တွေထားမယ်။ ဒါရဲ့အပေါ်က တော့ Beef & Pork (ဝက်နှင့်အမဲသား) စတာတွေထားမယ်။ ဒါရဲ့အပေါ်ကတော့ Fish/Seafood (ငါး၊ ပင်လယ်သတ္တဝါ) တွေ ထားရမှာပေါ့။ ဒီအပေါ်ဆင့်ကိုမှ Fruit/ Vegetables (အသီးအနှံ၊ အသီးရွက်) တွေ ထားရပါမယ်။ အပေါ်ဆုံးအဆင့်မှာမှ Prepared Foods (ကြိုတင်ပြင်ဆင်ထားသော အစားအစာ) တွေ ထားရပါမယ်။
လက်အိတ် (Gloves) တွေဟာ မီးဖိုချောင်ထဲမှ မရှိမဖြစ် အရမ်းအရေးပါပါတယ်။ ကျက်ပြီးသား အစားအစာတွေကို လက်နှင့် တိုက်ရိုက်ကိုင်လျှင် သန့်ရှင်းမှု မလုံလောက် လို့ စားသုံးသူတွေကို ဒုက္ခပေးပါတယ်။ အဆိုးဆုံးကတော့ ဝမ်းရောဂါအဖြစ်များပါတယ်။ အသုပ်တွေလုပ်လျှင် လက်အိတ်မသုံးပါက Hygiene နှင့် မညီပါဘူး။ မိမိလက်က  ဟိုကိုင်ဒီကိုင်ဖြစ်တတ်တော့ သန့်ရှင်းမှုအားနည်းပါတယ်။ ထည့်မည့်ပန်းကန် ကိုလည်း သေချာစွာ ဆေးကြောသန့်စင်ထားရမယ်။ လိုအပ်ပါက Kitchen Tissue ကို သုံးတာ အကောင်းဆုံးပါပဲ။ ယင်နားတာတွေ မဖြစ်အောင် သတိထားရသလို၊ ဆံပင်မွှေး အမှိုက်စတာတွေ မဝင်အောင်လည်း သတိထားရပါမယ်။ အကြမ်းအားဖြင့် အပူစာ၊ အအေးစာ () မျိုးရှိပါသည်။ "Cold Food Must be Served Cold" အအေးစာဆိုတာ အေးအေးလေးကျွေးရပါမည်လို့ ခံယူပြီး လုပ်ရပါမည်။ အအေးစာတွေကို 5 C အအေး ပေးထားရင် လေးနာရီအထိထားလို့ ကောင်းပါတယ်။ အပူစာကိုလည်း "Hot Food Must be Served Hot" အပူစာကို ပူပူလေးကျွေးရပါမည်။ အပူစာကို 64 C အပူခံပေးထားလျှင် နှစ်နာရီအထိ မပျက်စီးပဲ ကောင်းပါတယ်။
ကျက်ပြီးသား အစားအစာ (Cooked Food) နှင့် မကျက်သေးတဲ့ အစားအစာ (Raw Food) တွေကို နီးနီးကပ်ကပ် မကိုင်တွယ်ရပါဘူး။ Raw Food တွေကို ကိုင်တွယ် လှီးဖြတ်ထားတဲ့ဓား ဆေးကြောပြီးမှသာ အခြား Food တွေကို ကိုင်ရပါမည်။ အသားထဲ က ပါလာတဲ့ ပိုးတွေဟာ ကူးပြောင်းပေါက်ဖွားလို့ပါပဲ။ ဒါကြောင့် ဓားတွေ Cutting Board တွေကို ခွဲခြားသုံးဖို့ လမ်းညွှန်ထားတာပေါ့။ စဉ်းတီးတုံးတွေ ဟောင်းပြီး မှိုတက်နေတာမျိုး တွေ မသုံးသင့်ပါဘူး။ အသားလန်နေတာတွေဟာ Hygiene ကို အရမ်းထိခိုက်စေပါ တယ်။ Utersil တွေဖြစ်တဲ့ ဓားတွေ၊ ယောက်ချိုတွေ၊ ပဲရွဲ့နေတာမျိုးဆိုလည်း မသုံးသင့် တော့ပါဘူ။ အဲဒီပဲနေတဲ့နေရာတွေမှာ ပိုးတွေ ခိုအောင်းတတ်လို့ပါ။
Microwave ဟာ အစားအစာတွေကို ပြန်နွေးတဲ့နေရာမှာဖြစ်စေ၊ ရေခဲဖျော် (Thaw) လုပ်တဲ့နေရာမှာ ဖြစ်စေ အရမ်းအရေးပါပါတယ်။ အချိန်ကုန်သက်သာစေတော့ လူတွေက များများသုံးကြတာပေါ့။ ဒါကြောင့် အမြဲတမ်း သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ ခဏခဏ သန့်ရှင်းရေး လုပ်ပေးရမယ်။ ဒီလိုမလုပ်လျှင် အနံ့အသက်ဆိုးတွေ ဖြစ်သွား တတ်ပြီး ဗက်တီးရီးယားတွေ ပေါက်ဖွားတတ်လို့ပါ။ အစားအစာတွေကို ဗက်တီးရီးယား တွေ၊ အဆိပ် (Toxic) တွေ ဆိုးကျိုးသက်ရောက်မှုက ကာကွယ်ဖို့ အပူချိန်လေးတွေနှင့် လေ့လာထားရပါမယ်။ 0 C ရဲ့ အောက်ကျအောင် အေးလျှင် ပိုးတွေမပေါက်ဖွားပဲ ရပ်နေ တယ်။ 5 C မှ 60 C ဟာ Danger Zone လို့ခေါ်ပါတယ်။ ပိုးတွေ အရမ်းပေါက်ဖွားလို့ ပါပဲ။ ရှောင်ရပါမယ်။ 60 C ရဲ့ အထက်ဆိုရင်တော့ ဗက်တီးရီးယားတွေကို ချေဖျက်ဖို့ အပူချိန်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို သတိထားရပါမယ်။
Cutting Board ကိုလည်း မှန်မှန်ကန်ကန် သုံးမှ Hygiene နှင့် ညီပါမယ်။
Cutting Board
အနီ - ကျွဲ၊ နွား၊ ခြေလေးချောင်းအသားစိမ်း (ျွတေ နြအေ) ကို သုံးပါ။
Cutting Board
အပြာ - ငါး၊ ပင်လယ်သတ္တဝါ၊ အသားစိမ်းတွေကိုသုံးပါ။
Cutting Board
အစိမ်း - ဆလတ်ရွက်၊ အသီးအရွက်မျိုးစုံတွေကို သုံးရပါမယ်။
Cutting Board
အဝါ - ကျက်ပြီးသား အသားငါးတွေကို လှီးဖြတ်လျှင် သုံးပါ။
Cutting Board
အဖြူ - ပေါင်မုန့်၊ ဘာဂါ၊ Cheese စတာတွေသုံးပါ။
Cutting Board
အညို - ချက်ပြုတ်မည်။ အသီးအရွက်၊ သစ်ဥသစ်ဖုတွေ အတွက်သုံးပါ။
ကဲ . . . ဒီလိုစည်းစနစ်ရှိစွာ သုံးစွဲမယ်ဆိုလျှင် Hygiene နှင့်ညီတဲ့ အစားအစာ တွေလည်း ဖြစ်လာမှာပေါ့ဗျာ။
ရောင်းအားကျနေတဲ့စားသောက်ဆိုင်ကို 
ဘယ်လိုရောင်းအားတက်အောင်လုပ်မလဲ 
=====================

ဆိုင်တစ်ဆိုင်မှာ အဓိက အရေးကြီးတာဟာ 
ရောင်းအားပါပဲ 
ရောင်းအားတက်လာတာနဲ့အမျှ Overhead တွေ 
ကျပြီး ကိုယ့်အတွက်အမြတ်ကျန်ပါလိမ့်မယ် 

Overhead ဆိုတာက Fix ဖြစ်နေတဲ့ 
ကုန်ကျစရိတ်တွေဖြစ်ပါတယ် 
ဥပမာ ဆိုင်ခန်းခ ဝန်ထမ်းလခ အခွန်အခ 
စသည်ဖြင့်ပေါ့ 

ရောင်းအားကျတာနဲ့ အမျှ ဆိုင်ရှင်ပေါ်ကို 
ဒီဝန်ထုတ်ဝန်ပိုးက ပိလာပါလိမ့်မယ် 

ဆိုင်ရောင်းအား တက်ဖို့ အခြေခံအကျဆုံး 
အချက်သူံးချက်က 

1. Food Quality 
2. Menu Setup 
3. Service တို့ဖြစ်ပါတယ် 

ဒီနေရာမှာတော့ ကျနော့ ကိုယ်တွေ့ တွေထဲကနေ 
သိမှတ်မိသမျှကိုဖလှယ်မှာဖြစ်တာကြောင့် 
အကျဉ်းရုံးပဲပြောပါမယ် 
တကယ်က ပြောရင်အကျယ်ကြီးဖြစ်နေမှာပါ 

ဆိုတော့ ပထမဆုံး Food Quality 

စားသောက်ဆိုင်တစ်ဆိုင်ဟာ အပြင်အဆင်
ဘယ်လောက်ကောင်းနေနေ 
Marketing Plan ကြီး ဘယ်လောက်လန်ပြန်နေနေ 
ကိုယ့်ရဲ့ထုတ်ကုန်ဖြစ်တဲ့ 
အစားအသောက်အရည်အသွေးမကောင်းရင် 
အောင်မြင်မှုကိူ ကြာရှည်ထိန်းသိမ်းနိုင်ခြင်းမရှိပါဘူး 

Food Quality ဆိုတဲ့နေရာမှာ 
အရေးအကြီးဆုံး ပုဂ္ဂိုလ်က Chef ပါပဲ 
ကျနော်တို့ ဆိုင်ရှင်တွေက တခါတခါ Chef အတွက်
ပိုက်ဆံကုန်ခံရမှာကို သိပ်နှမြောတတ်တယ် 
အကုန်အကျနည်းအောင် စျေးသက်သာတဲ့ 
Chef တွေကို လိုက်ရှာတတ်ကြတယ် 

တကယ်က ကိုယ့်တဆိုင်လုံးရဲ့ 
အသက်သွေးကြောထဲက တစ်ခုကို ကိုင်မယ့် 
သူဟာ လစာကောင်းကောင်း ပေးထားသင့်ပါတယ် 
ဒါမှလည်း အရည်အချင်းပြည့်ဝတဲ့ စားဖိုမှူး သို့မဟုတ် 
Kitchen Manager တစ်ယောက်ကို 
ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် 

Chef ကောင်းကောင်း ဘယ်လိုရှာမလဲ 

ဒီအရည်အချင်းသုံးချက်နဲ့ ကိုက်ညီတဲ့ Chef ကိုရှာဖွေပါ 

တစ် လက်ဆိပ်ရှိပြီး လက်ရာမှန်တဲ့သူ 
နှစ် အလေအလွင့် ကို အနည်းဆုံးဖြစ်စေသူ 
သုံး ဆိုင်ကို ကိုယ်ဆိုင်လို သဘောထားတဲ့သူမျိုးကိုရှာပါ 

ဒါမျိုး ရှာရခက်မယ်လို့ထင်ပေမယ့် ဆိုင်ရှင်ဘက်က 
တုန့်ပြန်မှုနဲ့လည်း အများကြီး သက်ဆိုင်နေတတ်ပါတယ် 

ကျနော်က တော့ အမြဲ အစမ်းခန့်ကာလ သတ်မှတ်ပြီး 
သာမာန်လစာရဲ့ သုံးပုံနှစ်ပုံပေးပြီး တစ်လအစမ်းခန့်လေ့
ရှိပါတယ် 

တစ်လအတွင်း မှာ မျက်စိဒေါက်ကြည့်ပြီး 
ကြိုက်ရင်အလုပ်ဆက်ခန့်ပြီး 
မကြိုက်ရင်မကြိုက်ကြောင်း ပြောပြပြီး လမ်းခွဲပါတယ် 

အရည် အချင်းကောင်းတဲ့ Chef တွေဟာ 
ဥပမာ ဟင်းပွဲအသစ် သိူ့မဟုတ် Today Special လို
ဟာမျိုး အတွက် အမြဲစဉ်းစားနေတတ်တယ် 

ဒါပေမယ့် ထုတ်လာတဲ့ဟင်းပွဲကလည်း 
item အသစ်တွေဝယ်စရာမလိုပဲ ဆိုင်မှာ 
လူစားနည်းနေတဲ့ အသားငါးကိုပဲ 
အသစ်ဖြစ်အောင်ပြုပြင် ပြင်ဆင်ပြီး 
အထူး ဟင်းလျာဖြစ်အောင်လုပ်ပေးတတ်တယ် 

Menu ကို အမြဲ ပြောင်းလဲဖို့ စိတ်ကူးနေတယ် 
ဘယ်ဟင်းပွဲက ရောင်းရတယ် 
ဘယ်ဟင်းပွဲကတော့ မထွက်ဘူးဆိုတာကို 
စနစ်တကျ ယူထားတတ်တယ် 

စသည်ဖြင့် ကြည့်ရှုနိုင်ပါတယ် 

Chef ပြီးရင် ဒုတိယက စျေးဝယ်တဲ့ source ပဲ 

တတ်နိုင်သမျှ ရေခဲရိုက်အသားကိုရှောင်ပါ 
ဆိုင်မှာလည်း အများကြီးစျေးပေါလို့ ဝယ်ပြီး 
လှောင်ပြီး ခဲထားတာမျိုးကိုရှောင်ပါ 

အသားကောင်းကောင်း 
ဟင်းသီးဟင်းရွက် လှလှကောင်းကောင်းကို ရွေးသုံးပါ 

တန်ရာတန်ကြေးကို ယူပါ 
Quality ကောင်းတဲ့ ဟင်းတစ်ပွဲကို စားသုံးသူက
တကယ်ပေးပြီး စားတတ်ပါတယ် 
စျေးပေါတိုင်းရောင်းအားတက်တာမဟုတ်ပါ 

ကိုယ်ပေးတာနဲ့ စားရတာနဲ့တန်ရင် Customer က 
လာတာပါပဲ 

ဆိုတော့ ကိုယ်နဲ့ အတူ Grow Together ဖြစ်မယ့် 
Chef ကိူရွာပါ 
ပစ္စည်းကို စျေးပေါတာထက်တန်ပြီးကောင်းတဲ့
ပစ္စည်းမျိုးကို သုံးပါ 

Quality မပြည့်မှီဘူးဆို မနှမြောနဲ့လွှင့်ပစ်ပါ

နံပါတ်နှစ် Menu Setup 

ဒီနေရာမှာ လည်း Chef ကအရေးကြီးသလို 
ကိုယ်တိုင်ဦးဆောင်နေတဲ့ဆိုင်ရှင်ကလည်း 
သိပ်အရေးကြီးပါတယ်

ကိုယ့်ဆိုင်ရဲ့ trend ကိုကိုယ်သိရမယ် 
ဥပမာ 
တရုတ်အစားအစာဆိုပြီး မြန်မာထမင်းဟင်းတွေတွဲ
မရောင်းရဘူး တွဲချင်ယိုးဒယားစာမျိုး တွဲလို့ရတယ် 

ချစ်တီးထမင်းဆိုင်ဆိုပြီး 
သဘောင်္သီးထာင်းခေတ်စားလို့ဆိုပြီး 
တွဲရောင်းလို့မရဘူး 

Customer က ကိုယ့်ဆိုင်ရဲ့ specialize ဖြစ်တာကို 
ခေါင်းထဲဆွဲနေဖို့လိုတယ် 

ဆိုတော့ Menu Setup လုပ်တဲ့အခါ 

ပထမဆုံးက ကိုယ်ဆိုင်ကဘာပုံစံသွားမလဲဆိုတာကို
ရွေးချယ်ရမယ် 

ပြီးရင် ကိုယ့် Chef က 
ဘာတွေတကယ်ကောင်းတာလဲဆိုတာကိုသိရမယ် 

ဒါမှ အကောင်းဆုံးအရသာကို ပေးနိုင်မှာဖြစ်တယ်

ဒုတိယအနေနဲ့မှာ 

Menu ဟာ ပြွတ်သိပ်ကြပ်ညပ်နေဖို့မလိုဘူး 

Customer ကိုခေါင်းရှုပ်အောင်မလုပ်ရဘူး 

မကောင်းလိုက်ကောင်းလိုက် ဟင်းပွဲတစ်ရာထက်
တကယ်ကောင်းတဲ့ ဟင်းဆယ်ပွဲပဲပါတဲ့ Menu က 
ပိုပြီး effective ဖြစ်တယ်

ဒုတိယပိုင်း 

Menu setup မှာ 

အပိုင်းပိုင်းခွဲခြားထားရမယ် 

ပုံမှန်စားသောက်ဆိုင်တစ်ခုရဲ့ Menu တွေကတော့ 
ဒီပုံစံလာတယ်

Breakfast 
Appetizer 
House Special 
Main Course 
Soup
Vegetables and salads
Drinks 
Dessert 

ဆိုပြီး အဆင့်ဆင့်သွားပေးရတယ် 

Appetizer ဆိုတာက 
အစာပြေ အမြည်း စာလေးတွေကိုခေါ်တာဖြစ်ပြီ 
House special ကတော့ 
ကိုယ့်ဆိုင်ရဲ့ best seller item တွေကိုဆိုလိုတယ် 

Menu setup မှာလျို့ဝှက်ချက်ကတော့ 

Customer ကို ခဏစောင့်နေရတုန်းမှာ 
အဆင့်ဆင့် စားနိုင်အောင်စီစဉ်ပေးတာပါပဲ 
ဟင်းပွဲကြီးတွေမှာထားတုန်းမှာ 
Appetizer Menu တွေကို ရှေ့ထုတ်ပေးတာဟာ 
စောင့်နေရင်း အစာပြေစားဖို့ပါ 

အဲ့ဒီထဲမှာ ကိုယ်က item တစ်ခုကို 
ရောင်းချင်တယ်ဆိုရင် 
တခြား item အသစ်တစ်ခုကို ထုတ်ပြီး 
စျေးခပ်မြင့်မြင့်တင်ထားပြီး ယှဉ်ပြထားရတယ် 

ဒါမှ ကိုယ်ရောင်းချင်တဲ့ item ကို 
ကိုယ်ရောင်းချင်တဲ့စျေးနဲ့ ရောင်းထွက်မှာဖြစ်တယ် 

နောက်ပြီး menu ကစာအုပ်လိုမဟုတ်ပဲ 
ကတ်ပြားလိုက်ကြီးဆိုရင် 
ကတ်ပြားရဲ့ ညာဘက်အပေါ်ဆုံးဒေါင့်ကွက်ဟာ 
လူကြည့်အများဆုံး အကွက်ဖြစ်တာကြောင့် 
စျေးကြီးပြီး ကိုယ့်အတွက်လည်းကျန်မယ့် 
ဟင်းပွဲမျိုးတွေက်ုဖော်ပြထားသင့်တယ်

ဘယ်ဘက်ထောင့် အောက်ဆုံးကွက်ဟာ 
လူကြည့်အနည်းဆုံးဖြစ်တာကြောင့်
သိပ်အားမပါလှတဲ့ 
လက်ဘက်ရည်ကော်ဖီဆိုတာမျိုးကို ထားသင့်တယ်

တခြားပြောစရာတွေအများကြီးပါပဲ 

အဲ့တော့ 
ဟင်းပွဲနည်းနည်းနဲ့ စနစ်တကျစီစဉ်ထားတဲ့ 
Menu ဟာ ပုံနေဘလပွနဲ့ လုပ်ထားတဲ့ Menuထက် 
ပို effective ဖြစ်တယ်ဆိုတာသိကြရမယ် 

ကိုယ့်chef ကို Menu ကို 
သုံးလ သို့မဟုတ်ခြောက်လမှာ 
တစ်ခါ Renew ပြန်လုပ်ဖို့ ပြောရမယ် 

နောက်ဆုံး ပြောစရာအများဆုံး နဲ့ အကျယ်ဆုံး 
အပိုင်းကတော့ 
Service ပဲ 

စားပွဲထိုးတွေကို အရည်အချင်းပြည့်အောင် 
အလုပ်ကိုလေးစားတတ်အောင် သင်ကြားပေးရမယ် 

၁ Menu ကို သိရှိနားလည်အောင် သင်ပေးတာမျိုး 
၂ ယူနီဖောင်းကို အကုန်အကျခံပြီး ကောင်းအောင်
ဆင်ပေးတာမျိုး 
၃ Bonus ကို တစ်ဦးချင်းစီမယူစေပဲ မျှမျှတတခွဲဝေ
ပေးတာမျိုး 
၄ နေ့စဉ် Briefings ပေးတာမျိုး လုပ်ကြရမယ် 

Menu ထဲကအစားအသောက်တွေကို ချက်ပြီး 
စားပွဲထိုးတွေကိုပါမြည်းခိုင်းပါ 
ဒါမှ သူက Customer တွေကို 
ပြန်ပြောပြတတ်မှာဖြစ်တယ် 

ဘာလေးကတော့စားကောင်းတယ် 
ဘယ်လိုလေးတွဲစားရင်လိုက်ဖက်တယ်ဆိုတာမျိုး 
ပြောပြတတ်လာပါလိမ့်မယ် 

Customer ကလည်း 
အဲ့ဒီလိုဂရုစိုက်ခံရတာကိုကြိုက်ပါတယ် 

ယူနီဖောင်း 

အလုပ်တစ်ခု မှာ အဲ့အလုပ်ပေါ်ကို 
ဂုဏ်ယူစေလောက်တဲ့ ယူနီဖောင်းဟာ 
အမြဲလိုအပ်တယ် 
စမတ်ကျကျ ချုပ်လုပ်ပေးထားတဲ့ 
ယူနီဖောင်းနဲ့စားပွဲထိုးဟာ ပေတီပေစုတ်မဝတ်ရဲဘူး 
ကိုယ့်ဆိုင်လည်း ဂုဏ်မငယ်ဘူး 
ထို့အတူ စားသုံးသူကိုယ်တိုင်လည်း 
စိတ်သန့်တယ်လေ

နောက်တစ်ခုကတော့ Unity ပေါ့ 
အဲ့လိုစည်းလုံးတဲ့စိတ်ကလေးလည်းဖြစ်သွားစေတယ်

ဒါဟာ ဆိုင်ရဲ့ image တစ်ခုပဲ 

Bonus

စားပွဲထိုးတွေအချင်းချင်းသွေးကွဲကြတာက 
Tip ရတယ်မရဘူးကစတာပဲ 

အဲ့ဒီကနေစားပွဲလုကိုင်တာ သူ့စားပွဲဆို 
ငါကဝင်မကူဘူးဆိုပြီး 
Team work ပ်က္စီးတာဟာ အဲ့ဒီကစတာပဲ 

မန်နေဂျာကို သေချာပြောပြီး tip ကို Tip Jar တစ်ခု
လုပ်ထားပြီးစုထားပါ ပြီးလို့ လကုန်ရင်
အားလုံးအညီအမျှခွဲယူပါ

Briefing မှာလည်းထည့်ပြော ပါ 
ဒီလိုလုပ်တာဟာ ညီညွတ်စေချင်လို့ 
ဒီ tip ဟာ 
သူတစ်ယောက်တည်းကောင်းလို့မဟုတ်ဘူး 

အားလုံး က ဘေးက ပံ့ပိုးလုပ်ကိုင်နေလို့ 
ရတာဖြစ်တယ်ဆိုတာနားလည်အောင်ပြောပါ 

Team work မိမိချိတ်ဆက်နိုင်အောင် 
ကိုယ်က တည့်မတ်ပေးပါ

Briefing 

ဒါဟာ အရေးကြီးတဲ့ထဲပါပါတယ်
တစ်ချို့ကလည်း Briefing ဆိုတာ တန်းစီပြီး 
ဆူရတယ်လို့ထင်တယ် 

မဟုတ်ပါဘူး 

Briefing ဆိုတာ တစ်ရက်စာ 
အဆင်ပြေမှုမပြေမှုတွေကို ပြောဆ်ုတိုင်ပင်တာ

ချီးမွမ်းသင့်တာ ကိုချီးမွမ်းတာ 

ဆုံးမသင့်တာကို နားဝင်အောင်ဆုံးမတာဖြစ်ပြီး 

လုပ်ကိုလုပ်ရမယ့်အရာတွေကို 
နေ့စဉ်နားဝင်အောင်ရိုက်သွင်းတာသာဖြစ်တယ်

Briefing ပေးတဲ့ဆိုင်နဲ့ မပေးတဲ့ဆိုင်ဟာ 
အကျိူးသက်ရောက်မှုသိပ်ကွာတယ် 

ပြီးတော့ ဒီအချိန်ဟာ စာပွဲထိုးအားလုံးနဲ့ ကိုယ်နဲ့ရဲ့ 
တစ်ခုတည်းသော မပျက်သင့်တဲ့ communication ပဲ

ပြီးတော့ အရေးအကြီးဆုံး က kitchen ရော 
အရှေ့ service ရောကို သင့်လျော်သော Bonus 
ခံစားခွင့်ကိုပြောပြထားပါ 
ပြောပြရင်း တကယ်ထိရောက်ရင်လည်း 
တကယ်ပေးပါ ဒါအရေးအကြီးဆုံးပါပဲ 

ဝန်ထမ်းဟာဝန်ထမ်းဆိုပေမယ့် 
ကိုယ်နဲ့ Grow together ဖြစ်အောင်ဆွဲဆောင်ပါ 
ဒါကိုယ့်အရည်အချင်းပါပဲ

ပြောရင်တော့ အကျယ်ကြီးပါ ဒါပေမယ့် 
ဒီအနှစ်ချုပ်အချက်ကလေးတွေ ပြင်ဆင်နိုင်မယ်ဆို 

သင့်ဆိုင်ဟာ ရောင်းအားသိသိသာသာ 
တက်လာပါလိမ့်မယ် 

😊😊




No comments:

Post a Comment