Wednesday, August 10, 2016
HUMAN RESOURCES
VIII - 1 Grievance Procedures
VIII - 2 Recruitment
VIII - 3 Job Description
VIII - 4 Labor Unions
VIII - 5 4-Step Wage Plan
VIII - 6 Orientation
VIII - 7 References
VIII - 8 Pre-Employment Screening
VIII - 9 Associate Activity Log
VIII - 10 Attendance Record
VIII - 11 Diverse Workplace
VIII - 12 EEO-1 Filing
VIII - 13 OSHA Filing
VIII - 14 Educational Sign off Sheet
;;ADDITIONAL KNOWLEDGE---
ဝန်ထမ်းတို့ ၏လိုက်နာရန်လိုအပ်သောစည်းမျဉ်းများ
  Wistle Blower Procedure နိုးကြားအသိပေးလုပ်ထုံးလုပ်နည်း
             ဟိုတယ်၏ လုပ်ထုံးလုပ်နည်း လမ်းစဉ်များသည် ဧည့်သည်အား ၀န်ဆောင်မှုပေးခြင်း၊ ၀န်ထမ်များ၏ စနစ်တကျ တာဝန်ယူမှု၊ကျွမ်းကျင်မှုနှင့် ရိုးသားမှုအတွက် ပံ့ပိုးခြင်းကြောင့် ဟိုတယ်အဆင့်အတန်း အတွက်မရှိမဖြစ်သော ကျောထောက်နောက်ခံဖြစ်သည်။ ၀န်ထမ်းတိုင်းသည် မိမိနှင့် ပက်သတ်သော လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သေချာစွာ သိရှိစေရန် လိုအပ်သကဲ့သို့ တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ပေသည်။
          လုပ်ထုံးလုပ်နည်းသွေဖယ်မှုသည် မလွဲသာသော ဧည့်သည်ရေးရာ ၀န်ဆောင်မှု အတွက်ကြောင့် သော်လည်းကောင်း ၊မထင်မှတ်ထားသော အခြေအနေကြောင့် သော်လည်းကောင်း၊ ဘောင်ဝင်သော လမ်းစဉ်အရသော်လည်းကောင်း ဖြစ်ပေါ်လာပါက သတိပေးသတင်းပို့ရန် လိုအပ်ပေသည်။
အောက်ပါနည်းလမ်းများဖြင့် Management သို့အသိပေးရန်ဖြစ်ပါသည်။
          MOD / DUTY MANAGER
          တာဝန်ကျအဖွဲ့(Department) မန်နေဂျာသို့ သတင်းပို့ခြင်း
          ရုံးခန်း အဖွဲ့မှူးသို့အကြောင်းကြားခြင်း
          အထွေထွေ မန်နေဂျာ GM/PA သို့ အကြောင်းကြားခြင်း
          Direct GM သို့ အကြောင်းကြားခြင်း
ဖြစ်ပေါ်သော အနေအထားပေါ်မှုတည်၍ သင့်လျော်သော နည်းလမ်းဖြင့် Management  သို့အကြောင်းကြား   ရန်ဖြစ်ပါသည်။
          သို့မဟုတ်ပါက မိမိ၏ပေါ့လျော့မှုသာဟုလျော့တွေးခြင်းသည် မိမိဘ၀အမဲစက်တစ်ခုအနေဖြင့် အရိပ် ပါနေမည်ဖြစ်ကြောင်း ၊ပြင်းထန်သော နောက်ဆက်တွဲကို ဖြစ်စေမည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးလိုပါသည်။
To Discipline
လုပ်ထုံးလုပ်နည်း(SOP) သွေဖယ်ရာတွင် မရိုးသားမှု ၊တာဝန်မကျေပွန်မှုမဖြစ်စေရန် ဆောင်ရွက်ရန်များ
(၁) ငြင်းပယ်ခြင်း                           ။ မဖြစ်သင့်သော ကိစ္စဖြစ်၍ ပါဝင်ပတ်သက်ရန် ငြင်းပယ်ပါ။
                                                  အကျိုးဆက်များနှင့် အကျိုးအကြောင်းသင့် ရှင်းပြရန်။
(၂) လာဘ် လက်ခံယူမိခြင်း                အကျိုးအကြောင်းမသိဘဲ မသင့်တင့်သော
                                                        လာဘ်လာဘလက်ခံယူမိပါက Management
   သို့အကြောင်းကြား ရန်နှင့်လာဘ်လာဘကို ပြန်ပေးရန်။
(၃) သံသယရှိခြင်း အနေအထား         ။ ဖြစ်ပေါ်လာသော အခြေအနေမှတ်သား၍ သံသယရှိခြင်း
၊အကြောင်းရင်း နှင့်ပက်သတ်သည်များကို Management သို့အကြောင်းကြားရန်။
(၄) Conflict ဖြစ်ခြင်း                     ။အကြောင်းကိစ္စသည် မိမိအနေဖြင့် အမှန်အမှား ခွဲခြားရန်။
                                                လုပ်သင့် မလုပ်သင့်  ခွဲခြားရန်ဝေခွဲမရဖြစ်ခြင်းနှင့် 
မိမိကဆုံးဖြတ်ချက်ကို မပြုလုပ်နိုင်ခြင်းတွင် Management
သို့အကြောင်းကြားရန်။  
(၅) လုပ်ထုံးလုပ်နည်း                     ။မိမိလုပ်ထုံးလုပ်နည်း ပြန်ြပင်ဆောင်ရွက်ရန် ၊managemen
                                                သို့လိုအပ် သလိုအကြောင်းကြားရန်။
(၆) လုပ်ထုံးလုပ်နည်းသတ်မှတ်          ။တိကျသော သတ်မှတ်ထားမှုမရှိသော အခြေအနေတွင်
မကြာခနဖြစ်ပေါ်တတ်သော အခြေအနေ အနေအထားတစ်ခုသည်
လုပ်ထုံးလုပ်နည်း၏ ဟာကွက် အားနည်းချက်အနေဖြင့်
သွေဖယ်ခြင်း  သို့ သက်ရောက်သဖြင့် Management သို့အကြောင်းကြားရန်။            
(က) Apperance
(ခ)   Behavior
(ဂ)   Character
(ဃ)  Disciplines
(င)   Work Environment
(စ)   Food
(ဆ)  Guest
(ဇ)  Hotel Property
က(၁)
 (၁) Appearance (သန့်ရှင်းမှု) သန့်ရှင်းမှုဆိုရာတွင် သင်၏တကိုယ်ရေသန့်ရှင်းမှုသာမက လုပ်ငန်းခွင်သုံး ပစ္စည်းကိရိယာများနှင့် လုပ်ငန်းဝန်းကျင်ကိုပါ ဆိုလိုခြင်းဖြစ်သည်။
(၂) ၀န်ထမ်းကဒ်တပ်ဆင်ခြင်း၊ ၀န်ထမ်း uniform နှင့် ၀န်ထမ်းကဒ်သေသပ်စွာပြင်ဆင်ပြီးမှ အလုပ်ဝင်ရန်၊ ၀န်ထမ်းကဒ် ပျက်စီး ပျောက်ဆုံးခြင်းရှိပါက အုပ်ချုပ်ရေးရုံးခန်းသို့ အကြောင်းကြားရပါမည်။ ၀န်ထမ်းများ ပေါ့လျော့မှုကြောင့် ပျက်စီးဆုံးရှုံးခြင်း ဖြစ်ပါက ကဒ်ပြားတန်ဖိုးကို ပေးဆောင်ရပါမည်။ သာမာန်သုံးစွဲမှုကြောင့် ဖြစ်ပါက  ပေးဆောင်ရန်မလိုပါ။
ချွင်းချက်။                  ။ OT ၀န်ထမ်းများ ၊Admin ၀န်ထမ်းများ ၊Uniform မဟုတ်ဘဲ ၀န်ထမ်းကဒ် နှင့် ၀င်နိုင်)
(က) (၃) တူညီဝတ်စုံ
(၁) ၀န်ထမ်းများ အားလုံးအတွက်တူညီဝတ်စုံအား ဟိုတယ်မှ အခမဲ့ ထုတ်ဝေ ပေးသွားမည်ဖြစ်သည်။ ထိုဝတ်စုံ သည်  ဟိုတယ်ပိုင် အ၀တ်အစားများဖြစ်သည့်အတွက် အလုပ်ခွင် မဟုတ်သော ပြင်ပတွင် ၀တ်ဆင်ခြင်းမပြုရန်။
(၂) အလုပ်မှ အပြီးထွက်ခွာသွားသည့် ၀န်ထမ်းတိုင်းသည် ထို Uniform အား အရေအတွက် တိကျစွာ ပြန်လည်အပ်နှံခဲ့ရမည်ဖြစ်သည်။
(၃) သတ်မှတ်ကာလအတွင်း မိမိ၏ ပေါ့ဆမှုကြောင့် ပျက်စီးပျောက်ဆုံးခြင်းဖြစ်ပါက တန်ဖိုးအတိုင်းအစားထိုးပေးလျော်ရမည်ဖြစ်သည်။
(၄) ဟိုတယ် ပရ၀ုဏ်အတွင်းသို့ ၀င်ရောက်လာသော ၀န်ထမ်းသည် တူညီဝတ်စုံကို ၀တ်ဆင်လျက်သာ ၀င် ထွက် သွားလာရမည် ဖြစ်သည်။ ပြင်ပအ၀တ်အစားဖြင့် လုပ်ငန်းခွင်ဝင်ရောက်လာခြင်း မပြုရန်။
(ခ) Behavior
(၁)  ၀န်ထမ်းများသည်လုပ်ငန်းခွင်သို့ တာဝန်ချိန် မတိုင်မီကြိုတင်ရောက်ရှိနေရမည် ဖြစ်သည်။
(၂)  လုပ်ငန်းခွင်ဝင်ရာက်ကြောင်းလက်မှတ်ရေးထိုးရာတွင် Uniform ၀တ်ဆင်ပြီးဖြစ်ရမည်။
(၃)  ၀န်ထမ်းသည် အကြောင်းကြောင်းကြောင့် လုပ်ငန်းခွင်သို့ ၀င်ရောက်ရန် နောက်ကျနိုင်ပါက(သို့မဟုတ်) ခွင့်ယူရန် လိုအပ်ပါက မန်နေဂျာ (သို့) မိမိဌာနမှူးထံသို့ ချက်ချင်း အကြောင်းကြားရမည် ဖြစ်သည်။
(၄) အလုပ်ခွင်မှပြန်လည်ထွက်ခွာရာ မိမိတို့၏ သက်ဆိုင်ရာ ဌာနမှူး (သို့) မန်နေဂျာ ၏ ခွင့်ပြုချက်ဖြင့်သာ အလုပ်ခွင်မှ ထွက်ခွာရမည် ဖြစ်သည်။ တာဝန်ချိန် ပြီးဆုံးချိန် ရောက်ပြီ ဖြစ်သော်လည်း၊ ခွင့်ပြုချက် ရယူ ရမည် ဖြစ်သည်။ တာဝန်ပြီးဆုံးချိန် နောက်ပိုင်းတွင် လုပ်ငန်းလိုအပ်ချက်များအရ ဆက်လက်တာဝန်ထမ်းဆောင်ရန် လိုအပ်ပါက သက်ဆိုင်ရာ ဌာနမှူး(သို့) မန်နေဂျာမှ ၀န်ထမ်းများအားကြိုတင်ညွှန်ကြားမည်ဖြစ်ရာ ထိုဝန်ထမ်းများသည် အချိန်ပို အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။
(၅) တာဝန်ချိန်အတွင်း မန်နေဂျာ (သို့) သက်ဆိုင်ရာ ဌာနမှူး၏ ခွင့်ပြုချက် မရဘဲ လုပ်ငန်းခွင် ပြင်ပသို့ထွက်ခွာခြင်း မပြုရ။
(၆) ၀န်ထမ်းသည် မိမိတာဝန်ကျရာ နေရာတွင်သာ ရှိနေရမည်ဖြစ်ပြီး အလုပ်ချိန် အတွင်း အိပ်ဆက်နေခြင်း၊ မည်သူတဦးတယောက် ကိုမှ အသိမပေးအကြောင်းကြားခြင်းမရှိဘဲ အလုပ်ခွင် တာဝန်ကျနေရာမှ အချိန်ကြာမြင့်စွာ ပျက်ကွက်နေခြင်း အချောင်ခိုလိုသော စိတ်ဖြင့် ရှောင်ဖယ်နေခြင်း များကို မပြုလုပ်ရန်။
(၇) ၀န်ထမ်းများအားလးသည် သတ်မှတ်ထားသော ၀န်ထမ်းအ၀င်အထွက်မှ သွားလာရပါမည်။ လုံခြုံေ၇း တာဝန်များသည် မည်သည့်ဝန်ထမ်းကို မဆို အ၀င်အထွက်တွင် တားစီးပိုင်ခွင့်ရှိုသည်။
(၈) ၀န်ထမ်းများသည် လုပ်ငန်းခွင်(သို့)မည်သည့်တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်လာခြင်းမပြုရန်။ ပစ္စည်းများပျောက်ဆုံးခြင်းရှိပါက ဟိုတယ်မှ တာဝန်ယူဆောင်ရွက်ပေးမည်မဟုတ်ပါ။ လုပ်ငန်းခွင်သို့Hotel ပိုင်အသုံးအဆောင်ပစ္စည်းများနှင့် ဆင်တူသော အရာများလုံးဝ မယူဆောင်လာရ။
(၉) ၀န်ထမ်းအားလုံး အ၀င်အထွက်တွင် လက်မှတ်ရေးထိုးခြင်းသည် တာဝန်ထမ်းဆောင်မှု မှတိတမ်းဖြစ် နေ့စဉ် ဖော်ပြရပါမည်။
(၁၀) Personal ကိစ္စအပြင်ထွက်ခြင်းကို တစ်လလျှင် (၂) နာရိသာ ခွင့်ပြုမည်။ အရေးကြီး (Urgent) အပြင်ထွက်ခြင်းတွင် ခိုင်လုံသော သက်သေ အထောက်အထားရှိရမည်။ အလုပ်ကိစ္စဖြင့် အပြင်ထွက်ခြင်းကို မှတ်တမ်းတင် ဆောင်ရွက်မည်။ မည်သည့် အကြောင်း ကိစ္စကြောင့် ဖြစ်စေ Duty ချိန် အပြင်ထွက်လျှင် သက်ဆိုင်ရာ ၀န်ထမ်းဝင်ထွက် တာဝန်ရှိသူ (Security / Manager) ကို အကြောင်းကြားပါ။ မှတ်တမ်းစာအုပ်တွင်ရေးမှတ်ထားရမည် ဖြစ်သည်။
(၁၁)  ၀န်ထမ်းများသည် တာဝန်ချိန်တွင် ဧည့်သည်နှင့် တွေ့ခြင်းကို အရေးကြီး ကိစ္စမှ အပ မပြုလုပ်သင့်ပါ။ ၀န်ထမ်းဧည့်တွေ့ချိန် (၁၅) မိနစ်ထက် မပိုစေရပါ။
ဝန်ထမ်းများသည် အကြောင်းကြောင်းကြောင့် တာဝန်ထမ်းဆောင်ရန်မသင့်တော်ပါက သက်ဆိုင်ရာ မန်နေဂျာ(သို့) အထွေထွေမန်နေဂျာအား အကြောင်းကြားခြင်း၊ လုပ်ငန်းခွင်က ခေတ္တနားခြင်းသော်လည်းကောင်း၊ ခွင့်ဖြင့်ပြန်ခြင်းသော် လည်းကောင်း ဆောင်ရွက်ရန်ဖြစ်သည်။
(၁၂)  တာဝန်တက် ၊ ဆင်း အချိန်တွင် မန်နေဂျာ (သို့) လုံခြုံရေးတာဝန်ခံမှ အစစ်ဆေးခံရန်။
(၁၃) တာဝန်ချိန်တွင် မိမိတာဝန်ကျရာ နေရာတွင် ရှိရမည်။ တခြားဝန်ထမ်းများအားအနှောင့်အယှက် ဖြစ်စေခြင်း၊ လုပ်ငန်းအနှောင့်အယှက်ဖြစ်စေခြင်း လုံးဝမဖြစ်စေရပါ။
  Character
(၁) ရိုးသားမှု ၀န်ထမ်းအားလုံးသည် လုပ်ငန်း လည်ပတ်မှုစာရွက်စာတမ်းအားလုံးကို မှန်ကန်တိကျစွာ မှတ်တမ်းတင် ရိုးသားစွာ ဆောင်ရွက်ရမည်။ ဧည့်သည်များထံမှ ၀န်ဆောင်မှုအတွက် အပိုပေးဆောင်ရန် သတ်မှတ်ထားသည်ထက် ပိုတောင်းခံခြင်း၊ ဧည့်သည်ဆန္ဒမပါဝင်ဘဲ ထင်ရောင်ထင်မှား ပိုငွေပြန်အမ်းခြင်း စသည်များကို မရိုးသားသော အပြုအမူ အဖြစ်သတ်မှတ်မည်။ ၀န်ထမ်းများသည် ဧည့်သည်များမှ ကျန်ခဲ့သော ပစ္စည်းများ ငွေများရှိခဲ့လျှင်မန်နေဂျာသို့ အကြောင်းကြားပီး အပ်နှံပါ။ဟိုတယ်ပိုင်ပစ္စည်းများကို ထုတ်ယူခြင်း ၊ရောင်းစားခြင်း ၊အလွဲသုံးစားပြုခြင်းများအား လုံးဝရှောင်ကျဉ်ပါ။ ဟိုတယ်အသုံးအဆောင်ပစ္စည်းများကို ထုတ်ယူခြင်း ၊ ကိုယ်ရေးကိုယ်တာ အသုံးပြုခြင်းတို့ကို ခွင့်ပြုချက် ရှိမှသာ ပြုလုပ်နီုင်သည်။ဟိုတယ်မှပေးသော စာရေးကိရိယာများနှင့် အသုံးအဆောင်များ အားလုံးပါဝင်သည်။
(၂) လေးစားမှု
(၃) တာဝန်ကျေပွန်မှု
ဃ discipliaes
(၂) လုပ်ငန်းခွင် အတွင်းဆက်ဆံရေး
၂။က ဟိုတယ်တွင် တာဝန်ထမ်းဆောင်နောကသော ၀န်ထမ်းများသည် အထက်အောက် ဖြစ်စေ။ အောက်မှ အထက်သို့ဖြစ်စေ ၊ အချင်းချင်း ဖြစ်စေ ရိုင်းပြစွာ ဆက်ဆံခြင်း ၊အော်ဟစ်ငေါက်ငမ်းခြင်း မျာကို မပြုလုပ်ရန်။
၂။ခ အထက်မှပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်း(သို့)ငြင်းဆန်ခြင်း မပြုလုပ်ရန်။
၂။ဂ မိမိအထက်အရာရှိ များအားမခြေမငံ ပြောဆိုဆက်ဆံခြင်း ၊ရုတ်ရင်းကြမ်းတမ်းသောစကားဖြင့် တုန့်ပြန်ပြောဆိုခြင်း လုံးသ မပြုလုပ်ရန်။
၂။ဃ မိမိအားပေးအပ်လာသော တာဝန်ကို မကျေနပ်သောကြောင့် ဖြစ်စေ ၊ လုပ်ကိုင်ရန် မလိုလားသောကြောင့် ဖြစ်စေ၊ ယင်းတာဝန်အား ကျေပွန်စွာ မလုပ်ဆောင်ခြင်း ၊လုပ်ကိုင်ရန် ပျက်ကွက်ခြင်း ၊ပျက်စီးစေလိုသော ပုံစံဖြင့် လုပ်ဆောင်ခြင်း မပြုလုပ်ရန်။
၂။င ၀န်ထမ်းများအချင်းချင်း ဆက်ဆံရာတွင် အထက်မှအောက၊် အောက်မှအထက် ၊အချင်းချင်းတို့သည် ယဉ်ကျေးသော အသုံးအနှုံးဖြင့်သာပြောဆိုဆက်ဆံရန်။
၂၊စ  တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းအချင်းချင်း ခိုက်ရန် ဖြစ်ပွားခြင်း မဖြစ်စေရန်။
၂။ဆ Job Description တွင် ဖော်ပြ ပါရှိ သကဲ့သို့ အထက်မှအောက် ညွှန်ကြားခြင်း၊ အောက်မှအထက်သို့တင်ပြခြင်း ပုံစံအား တိကျစွာလိုက်နာမှု ပြုရန်။
၂။ဇ မကျေနပ်ချက်၊သဘောထားကွဲလွဲချက်များရှိသည့်တိုင် လုပ်ငန်းလုပ်ကိုင်နေစဉ်အတွင်း ပေးအပ်သောတာဝန်များကို  ငြင်းဆန်ခြင်းမပြုဘဲ အဆိုပါ အချက်များကို လုပ်ငန်းပြီးမှသာတင်ပြဆွေးနွေးရန် ဖြစ်သည်။
၂။ဈ       မကျေနပ်ချက် ၊ သဘောထားကွဲလွဲချက်များ ရှိပါက အဆင့်ဆင့်တင်ပြရန် အရေးယူဆောင်ရွက်ခြင်းမရှိမှသာ ဟိုတယ် မန်နေဂျာသို့ ဖြစ်စေ ၊ MD သို့ဖြစ်စေ (စာဖြင့်) ထပ်မံတင်ပြရန်။
  Work Environment
(၁) လုပ်ငန်းမြန်ဆန်မှု၏ အထောက်အကူပြုမှုမှာ လုပ်ငန်းခွင်နှင့် အလုပ်ဝန်းကျင် အနေအထားကောင်းမွန်သေသပ်မှုရှိခြင်း ဖြစ်သည်။ သေသပ်စနစ်ကျမှုကြောင့် မတော်တဆထိခိုက်မှုကို လျော့ကျစေခြင်း ၊ကျန်းမာရေး ကောင်းမွန်ခြင်းနှင့် ၀န်ဆောင်မှု အရည်အသွေးမြင့်မားစေပါသည်။ အမှိုက်များ ၊စွန့်ပစ်ပစ္စည်းများကို အမှိုက်ပုံးနှင့် သတ်မှတ်ထားသော နေရာတွင် ထားကြရမည် ဖြစ်သည်။
 (၂) လုပ်ငန်းခွင်သန့်ရှင်းသာယာရေးနှင့် လုံခြုံရေး
၂။က လုပ်ငန်းခွင် သန့်ရှင်းသာယာရေးနှင့် လုံခြုံရေးသည် ၀န်ထမ်းတိုင်း၏ တာဝန်ဖြစ်သည်။
၂။ခ လုပ်ငန်းခွင်အတွင်းမည်သည့်နေရာတွင်မဆိုအမှိုက်သရိုက်များကျနေခြင်း၊ ညစ်ပေနေခြင်းများအား တွေ့ရှိပါက မည်သည့်ဝန်ထမ်းမဆို ကောက်ယူစွန့်ပစ် ၊သန့်ရှင်းရေးပြုလုပ်ရန်။
၂။ဂ သတ်မှတ်ထားသော နေရာတွင်သာ ဆေးလိပ်သောက်ခြင်း၊ အမှိုက်စွန့်ပစ်ခြင်း အစားစားသောက်ခြင်း ပြုလုပ်ရန်။
၂။ဃ တပါးသူ၏ အသုံးအဆောင်များအားကာယကံရှင် မသိဘဲ ယူဆောင်သုံးစွဲခြင်း၊ ရယူလိုသောစိတ်ဖြင့် နေရာပြောင်းရွှေ့ထားခြင်း၊ ကွယ်ဝှက်ထားခြင်းများ မပြုလုပ်ရန်။
၂။င လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူစွဋ္ဌာ လက်ခံရန်။
၂။စ လုံခြုံရေး အစီအစဉ်အရ ပြောင်းလုပ်ထားသော အာများအားပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပျက်စီးခြင်း၊ တပါးသူအား ဖျက်စီးရန် တိုက်တွန်း ခြင်း၊ ခြိမ်းခြောက် ခိုင်းစေခြင်းများ လုံးဝ မပြုလုပ်ရန်။
၂။ဆ ဧည့်သည်များအား မခြေမငံ ပြောဆိုခြင်း ၊ယင်းတို့နှင့် ခိုက်ရန် ဖြစ်ပွာဲးခင်း ၊စိတ်အနှောင့် အယှက် ဖြစ်စေခြင်းများ မပြုလုပ်ရန်။
၂၊ဇ ဧည့်သည်ပိုင် ပစ္စည်း တစုံတရာ မေ့လျော့ ကျန်ရစ်ပါက ရယူလိုသော စိတ်ဖြင့် မိမိ အထက်လူကြိးအား အသိပေး အကြောင်းကြားခြင်း မရှိဘဲ ကွယ်ဝှက်ထားခြင်းမပြုလုပ်ရန်။ Lost & Found သို့ပို့ရန်။
၂။ဈ ပြင်ပမှ မိမိတို့၏ ကိုယ်ရေးကိုယ်တာ ဧည့်သည်များအားခွင့်ပြုချက် မရရှိဘဲ စားသောက်ဆိုင်အတွင်း ခေါ်ဆောင်ဧည့်ခံခြင်း ၊ ခွင့်ပြုချက် မရရှိဘဲ ဟိုတယ် ပရဂုဏ်အတွင်း လှည့်လည်ပြသခြင်း မပြုလုပ်ရန်။
၂။ည လုပ်ငန်းခွင်အတွင်းသို့ ဥပဒေ နှင့် မလွတ်ကင်းသော စာရွက်စာတမ်း ၊အသုံးအဆောင်များ ယူဆောင်လာခြင်းမပြုရန်။ မည်သည့်လောင်းကစားနည်းကို မဆို မပြုလုပ်ရန်။
၂။တ လုပ်ငန်းခွင် ပရ၀ုဏ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်း ၊အရက်သေစာ သောက်စားခြင်း မပြုလုပ်ရန်။
၂။ထ ဧည့်သည်နှင့် ပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်စေနိုင်သော အပြုအမှုများ နှင့် အော်ဟစ်ပြောဆိုခြင်းများမပြုလုပ်ရန်။
၂။ဓ ဧည့်သည်ထံမှ ရယူလိုသော စိတ်ဖြင့် ငွေကြေးတောင်းခံခြင်းမျိုး မပြုလုပ်ရန်။
၂။ဒ ငွေကြေးများ ၊ ဟိုတယ်အသုံးအဆောင်များ နှင့် အစားအသောက်များအား အလွဲသုံးစား မပြုလုပ်ရန်။
၂။န တရားဥပဒေနှင့် မလွတ်ကင်းသော ပြုမှုဆောင်ရွက်ခြင်းများလုံးဝ မပြုလုပ်ရန်။
၂။ဋ လုပ်ငန်းခွင် အ၀င် ၊အထွက်အား သတ်မှတ်ထားသော ၀င်ပေါက်ထွက်ပေါက်ကိုသာ အသုံးပြုရန်။
၂။ဍ မိမိတာဝန်ယူ လက်ခံထားသော ငွေကြေးနှင့် အခြားအရေးကြီး စာရွက်စာတမ်း များအား မပျောက်ပျက်အောင် ထိမ်းသိမ်းရန်။
၂။ဌ ကုန်ပစ္စည်း ရောက်ရှိ လက်ခံခြင်းအား သက်ဆိုင်ရာ တာဝန်ရှိသူ များမှ စနစ်တကျ လက်ခံ၊ စားရင်းရေးသွင်း ၊သိုလှောင်ခြင်း ပြုရန်။
(၃) ဟိုတယ် အန္တရာယ် ကင်းဝေးရေးနှင့် မီးဘေးပြင်ဆင်ကာကွယ်မှု
(စ) Food လုပ်ငန်းခွင်အလုပ်ချိန်အတွင်း အစားအစာ စားသောက်ခြင်း
(၁)  အလုပ်ချိန် အတွင်း (duty meal) အား ဟိုတယ်မှ တာဝန်ယူ ကျွေးမွေးမည် ဖြစ်ရာ ထိုအစားအစာများအား သတ်မှတ်ထားသော နေရာတွင် သာ သွားရာက် စားသုံးရန် ဖြစ်သည်။ သတ်မှတ်ထားသော နေရာမှ အပ အခြားမည်သည့်နေရာတွင်မှ အလုပ်ချိန်အတွင်း စားသောက်ခြင်း မပြုရန်။
(၂) စားသောက်ရန် သတ်မှတ်ထားသော အချိန်အတွင်း တွင်သာ စားသောက်ရန်ဖြစ်သည်။ စားသောက်ပြီးသည့်တိုင် ၀ိုင်းဖွဲ့စကားပြောနေခြင်း၊ အချိန်ဖြုန်းနေခြင်း များမရှိစေရ။
(၃) ၀န်ထမ်းတိုင်းသည် ဧည့်သည်တိုင်းနှင့် အဓိက ထိတွေ့ရသော နေရာများတွင် ရေသောက်ခြင်း၊ ပီကေစားခြင်း၊ ကွမ်းစားခြင်း၊ အဆာပြေမုန့်စားခြင်းများ မပြုလုပ်ရန်။
(၄) ဧည့်သည်ဝိုင်းများမှ ပိုလျှံသော အစားအစာများအား သိမ်းဆည်းထားခြင်း ၊မိမိအလုပ်နေရာသို့ ယူဆောင်ထားခြင်းများလုံးဝ မပြုလုပ်ရန်။
(၅) ၀န်ထမ်းသည် စားဖိုဆောင်အတွင်း မိမိအတွက် ရည်ရွယ် သိမ်းဆည်းထားခြင်း ၊မိမိအလုပ်နေရာ သို့ ယူဆောင်ထားခြင်းများ လုံးဝ မပြုလုပ်ရန်။
(၆) လုပ်ငန်းချိန်အတွင်း ဧည့်သည်စားပွဲဝိုင်းများအား စားသောက်ရန်အတွက် အသုံးပြုခြင်းများ မပြုလုပ်ရန်။
(ဆ) Guest ဧည့်သည်နှင့် ဆက်ဆံရေး
(၁) ရင်းနှီးဖော်ရွေမှု ရှိခြင်း
          လှိုက်လှဲသော နှုတ်ဆက်ခြင်းသည် ရင်းနှီးမှုကို ဖော်ပြနိုင်ရန် ၊ ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းရန် များစွာလွယ်ကူစေပါသည်။ ဥပမာ။    ။ ဧည့်သည်များအား ၎င်းတို့၏ နာမည်ဖြင့် နှုတ်ဆက်ခြင်း (eg Good Morning Mr. Mrs. Ms..)၊ အကယ်၍ ဧည့်သည်၏ အမည် မသိရှိပါက (Good Morning Sir/ Madam) အစ ရှိသည့် အခြားရင်းနှီးသော အနေအထားများဖြင့် ပြောဆိုဆက်ဆံပါ။
(၂) ချိုသာယဉ်ကျေးမှုရှိခြင်း
        ဧည့်သည်တို့အား ဂရုတစိုက် ရှိခြင်းဖြင့် ချိုသာယဉ်ကျေးမှုကိုဖော်နိုင်သည်။ ဧည့်သည်နှင့် ငြင်းခုံခြင်းကို ရှောင်ကြဉ်ပါ။ဧည့်သည်များသည် မှန်ကန်သော ဘက်မှ အမြဲတစေ ရပ်တည်ခြင်းရှိခြင်းကြောင့် ဧည့်သည်နှင့်ဆက်ဆံရေးအား မလွဲမသွေ ပြုမှုရမည် ဖြစ်သည်။ ဧည့်သည်တို့သည် ဟိုတယ်၏ ၀န်ဆောင်မှုကို အခကြေးငွေ ပေးထားခြင်း ဖြစ်ရာ သင်တို့၏ လစာကိုလဲ တနည်းအားဖြင့် ပေးနေသည်။အကယ်၍ သင်သည် ဧည့်သည်တို့အား ကျေနပ်ပြည့်စုံမှု ရှိအောင် တာဝန်နှင့်အညီ မဆောင်ရွက်နိုင်ပါက သင့်မန်နေဂျာ (သို့) ခေါင်းဆောင်ဖြင့် တိုင်ပင်ညှိနှိုင်းရန် လိုအပ်သည်။
(၃) မှန်ကန်မြန်ဆန်သော ၀န်ဆောင်မှု
         ဧည့်သည်တို့၏ လိုအပ်ချက်များကို ကြိုတင်စဉ်းစားတတ်ခြင်း၊ အစဉ်အမြဲနိုးကြားတက်ကြွမှုရှိခြင်း ဖြင့် မှန်ကန်မြန်ဆန်သော ၀န်ဆောင်မှုကိုပေးနိုင်ပါသည်။ ၀န်ထမ်းတိုင်းသည် ဟိုတယ်မှ ချမှတ်ထားသော လုပ်ဆောင်မှု အဆင့်အတန်း အရည်အသွေး ပြည့်မှီအောင်ပေးအပ်သောတာဝန်များကို မြန်ဆန်စွာ ကြိုးစားကြရန်လိုပါသည်။
        မိမိလုပ်ငန်းအပေါ်တွင် စိတ်ဝင်စားစွာ တာဝန်ထမ်းဆောင်ရမည်။ Shift Handing နေ့စဉ်ဖတ်ရမည်။ အဖွဲ့လိုက်သတ်မှတ်ထားသော  လုပ်ဆောင်ရန် အချက်နှင့် တာဝန်များကို ကျေပွန်စွာဆောင်ရွက်ရန် အဖွဲကအလိုက် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန်။
Action (1) Performance အဆင့်(ခ) သုံးခါဖြစ်ခြင်း (သို့)  ၆လအတွင်း (ခ)သုံးခါ ဖြစ်ခြင်းတွင် အလုပ်မှ ထုတ်ပယ်ခြင်း
(၄)  ဧည့်သည်တို့၏ သီးခြားအခွင့်အရေး
           ဧည့်သည်တို့သည် သာမာန်အားဖြင့် ၎င်းတို့ တည်းခိုခဲ့ဖူးသော ဟိုတယ်အခန်းနှင့် ၀န်ဆောင်မှု များကို အမှတ်ရတတ်ကြပါသည်။သင်သည် ဟိုတယ်ကို ကိုယ်စားပြုသူတစ်ဦးအနေဖြင့် အမြဲတစေ ပြုံးရွှင် စွာဖြင့် ဆက်ဆံပြောဆိုခြင်း ၊ဧည့်သည်များအားအရေးကြီးသော ပုဂ္ဂိုလ်များဟု သတ်မှတ်ခြင်း၊ ရင်းနှီးဖွယ် အေးချမ်းဖွယ်ဖြစ်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းနှင့် အေးချမ်းစွာနေထိုင်နိုင်ရေးတို့ကို နားလည်စွာဖြင့် ဆောင်ရွက်ပံ့ပိုးပေးရမည် ဖြစ်သည်။
         ဧည့်သည်တို့သည် ဟိုတယ်မှ ပျော်ရွှင်ကျေနပ်စွာဖြင့် ထွက်ခွာသွားသည်ကို ဖြစ်စေ၊ ဧည့်သည်တို့၏ ၀န်ထမ်းအပေါ် ယုံကြည်မှု ၊ဟိုတယ်အပေါ် ယုံကြည်မှုတို့မှာ ဟိုတယ်အမည်သိကာ မှတ်မိဖို့အတွက် အဓိက အရေးပါ ပါသည်။
(၅)  ဝန်ထမ်းများသည် ဧည့်သည်အခန်းအတွင်းသို့ ချောင်းမြောင်းကြည့်ရှုခြင်းမပြုရ။
(၆)  ဧည့်သည်အခန်းအတွင်းသို့ တာဝန်နှင့် ဧည့်သည်လိုအပ် ခေါ်ယူခြင်းမှ အပ မ၀င်ရ။
(၇) ဧည့်သည်မရှိသော ဟိုတယ်အခန်းလွတ်အတွင်းသို့ ၀န်ထမ်းများဝင်ရောက်ခြင်း ၊အသုံးပြုခြင်းလုံးဝ မပြုရ။      (အနားယူခြင်း၊ လှဲအိပ်ခြင်း၊ စကားပြောခြင်း ၊TV ကြည့်ခြင်း)
(၈) ဧည့်သည်နှင့် ဟိုတယ်ပိုင် ပစ္စည်းများခိုးယူခြင်း ၊အလွဲသုံးစား မပြုလုပ်ရ။
(၉) ဧည့်သည် ၊ဧည့်သည်အခန်း ၀န်ထမ်းများသည် ဧည့်သည်နှင့် တာဝန်မှ အပ ရောနှောခြင်းနှင့် ဟိုတယ် ဧည့်သည်များ၏ အချက်အလက်များကို မပေါက်ကြားစေရပါ။ သို့သော် သက်ဆိုင်ရာ မန်နေဂျာသို့ စုံစမ်းမေးမြန်းခြင်းကို သတင်းပို့နိုင်ပါသည်။ အခန်းအတွင်းသို့ ဧည့်သည်ခေါ်ယူခြင်းမှ အပ မည်သည့်အကြောင်းနှင့်မှ အသုံးပြုခြင်း၊၀င်ရောက်ခြင်း မပြုလုပ်ရပါ။
(၁၀) အစည်းအဝေး
         အစည်းအဝေးပြုလုပ်ခြင်း၊ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခြင်းတို့ကို အုပ်ချုပ်သူမှ ခွင့်ပြုချက်ရယူပြီးမှသာ ပြုလုပ်ရမည်။ ၀န်ထမ်းများသည် အဖွဲလိုက် ပြုလုပ်သောအစည်းအဝေးများ သက်ဆိုင်ရာ ၀န်ထမ်းအစည်းအဝေးများကို အုပ်ချုပ်မှုမှ စီစဉ်သည့်အလျောက် တက်ရောက်ရမည်။ အစည်းအဝေးဆိုင်ရာ အချက်အလက် များကို သိရှိနားလည်ပြီး ဟိုတယ်၏ စည်းကမ်းအဖြစ် လိုက်နာခြင်း၊ တာဝန်ထမ်းဆောင်မှု ပြုခြင်းတို့ကို ဆောင်ရွက်ရမည်။
(၁၁) ဟိုတယ် နယ်နမိတ်တွင် လျှောက်သွားခြင်း ၊Duty ချိန် ပြင်ပတွင် လာရောက်ခြင်း၊ ညအိပ်ခြင်း
      - ၀န်ထမ်းများ duty ချိန်ပြင်ပတွင် ခွင့်ပြုချက် မရှိဘဲ မလာရပါ။
     - Duty ချိန်အပြီး ညအိပ်ခြင်းကို ခွင့်ပြုချက်ရှိမှသာ အိပ်ရန်။
ဇ Hotel Property ဟိုတယ်အသုံးအဆောင်များ
(၁)  ဟိုတယ်ပိုင် အသုံးအဆောင်များအား မိမိ ကိုယ်ပိုင်အတွက် ယူဆောင်သုံးစွဲ ခြင်းမပြုရန်။
(ဥပမာ ၊ တယ်လီဖုန်း အသုံးပြုခြင်း၊ အခြားအသုံးအဆောင်များသုံးစွဲခြင်း)။ အရေးတကြီးလိုအပ်ပါက မန်နေဂျာ ခွင့်ပြုချက်ရယူရန်။
(၂) ယင်းအသုံးအဆောင်များအားရယူလိုသော စိတ်ဖြင့် နေရာပြောင်းလဲကွယ်ဝှက်သိမ်းဆည်းထားခြင်း မပြုလုပ်ရန်။
(၃) အသုံးအဆောင်များအား ပျက်စီးလိုသော စိတ်ဖြင့် ပျက်စီးအောင် ပြုလုပ်ခြင်း လုံးဝ မပြုလုပ်ရန်။
(၄) အသုံးအဆောင် များအား မမှန်ကန်သော ပုံစံဖြင့် သုံးစွဲခြင်းမပြုရန်။ (ဥပမာ Service တွင် အသုံးပြုသော အသားလှီးဓါးဖြင့် ၀က်အူလှည့်ခြင်း၊ ဓါးလက်ကိုင်ဖြင့် သံရိုက်ခြင်း)
(၅) ဟိုတယ်အသုံးအဆောင် များအား အထူးခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ တာဝန်ရှိ မန်နေဂျာ ခွင့်ပြုချက် မရှိဘဲ ပြင်ပသို့ ငှားရမ်း သုံးစွဲခြင်း မပြုရန်။
(၆) အိပ်ခန်းဆောင်များအတွင်း ၀င်ရောက် နားနေခြင်း ၊ရေချိုးခြင်း ၊ အိမ်သာ အသုံးပြုခြင်း အစရှိသည်များကို မပြုလုပ်ရန်။
(၇) ဧည့်သည်များအတွက်ပေးသော ဆပ်ပြာ ၊သွားတိုက်ဆေး ၊အစရှိသည်များအား ယူဆောင်သုံးစွဲခြင်း မပြုလုပ်ရန်။
(၈) ဟိုတယ်၏အမည် ၊ ဂုဏ်အား ထိခိုက်စေသော အပြုအမူများ ပြုလုပ်ခြင်း
၈။က  ဟိုတယ်အတွင်း အသုံးပြုသော စာရွက်စာတမ်းများအား ဥပမာ (Letter head) အစရှိသည်တို့အား ၊မိမိအကျိုးအတွက် အသုံးပြုခြင်း မပြုလုပ်ရန်။
၈။ခ ဟိုတယ်၏အမည်နှင့် ဂုဏ်ညှိုးနွမ်းစေသော အပြုအမှု ၊အပြောအဆိုများအား ရှောင်ရန်။
၈။ဂ တမင်ရည်ရွယ်ပြီး အလုပ်အားနှေးကွေးအောင်လုပ်ဆောင်ခြင်း ၊ အခြားသူများအားလည်း လုပ်ငန်းမတွင်ကျယ်စေရန် စည်းရုံးခြင်း ၊ခြိမ်းခြောက်ပြောဆိုခြင်း များ မပြုလုပ်ရန်။
၈။ဃ အခြားလုပ်ငန်းတူ လူများထံသို့ မိမိတို့ ဟိုတယ်၏ အတွင်းရေးများ(လျို့ဝှက်အပ်သည်များ) အားပြောပြခြင်း ၊စာရွက်စာတမ်းများ အားဖြင့် ကူညီခြင်း ၊ကိုယ်တိုင် ပါဝင် လုပ်ဆောင်ပေးခြင်း များအား မပြုလုပ်ရန်။
၈။င ဟိုတယ်သို့ လာရောက်သော ဧည့်သည်များအား မိမိတို့၏ အားနည်းချက်များအားဖော်ပြခြင်း၊ မိမိ မကျေနပ်ချက်များအား ရင်ဖွင့်ပြောဆိုခြင်း မပြုရန်။
၈။စ ဟိုတယ်နှင့် ဆက်ဆံနေရသော ပြင်ပအဖွဲ့များမှ အခကြေးငွေ တောင်းဆိုခြင်း(သို့) တန်ဖိုးရှိသော ပစ္စည်းအားတောင်းဆိုခြင်း။
၈။ဆ ဧည့်ခံရန် တာဝန်ရှိသည်မှအပ စားသောက်ဆိုင်သို့လာရောက်သော ဧည့်သည်များနှင့်အတူ တစ်စားပွဲတည်းတွင် ၀င်ရောက်စားသောက်ခြင်း မပြုရန်။ ဧည့်ခံစားသောက်ရာတွင်လည်း မိတ်ဝတ်မပျက် သင့်တင့်စွာ မှာယူစားသောက်ရန်။
ဝန်ထမ်းဆိုင်ရာ ပြစ်မှုများ
၁။      အဖွဲ့အစည်းအတွင်း နမှုနာဆိုးနှင့် စည်းကမ်းမဲ့ အပြုအမှုများ ရှောင်ရှားခြင်းဖြင့် သာယာအေးချမ်းသော လုပ်ငန်းခွင် တစ်ခု ဖြစ်ပေါ်စေရန် အပြစ်အမျိုးအစားများနှင် ပြစ်ဒဏ်များကို အောက်ပါအတိုင်း သတ်မှတ်ထားရှိပါသည်။
ပြစ်မှုသေးများ
အောက်ပါတို့ကို ပြစ်မှုအသေးများအဖြစ်သတ်မှတ်သည်။
(၁) ဆေးလိပ်မသောက်ရန် တားမြစ်ထားသည့်နေရာတွင် ဆေးလိပ် ၊စီးကရက်သောက်မှု။
(၂) တာဝန်ချိန်မဟုတ်ဘဲ မိမိအလုပ်နှင့် မဆိုင်သော နေရာသို့ ရောက်ရှိနေမှု။
(၃) သက်ဆိုင်ရာလုပ်ငန်းကြီးကြပ်သူ ၊ဌာနအကြီးအကဲ၏ ခွင့်ပြုချက် မရဘဲ တာဝန်ချိန်အတွင်း အလုပ်ခွင်မှ
     ပြင်ပသို့ ထွက်ခွာသွားမှု
(၄) လုပ်ငန်းခွင်တွင် ခွင့်လွှတ်နိုင်ဖွယ်သော အကြောင်းမရှိဘဲ လေးကွေးဖင်နွဲ့မှု။
(၅) လုပ်ငန်းကြီးကြပ်မှု/ဌာနအကြီးအကဲ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ အလုပ်ချိန်မပြီးဆုံးမီ လုပ်ဆဲ 
     လုပ်ငန်းတာဝန်မှ ထွက်ခွာသွားမှု။
(၆) Hotel ပရဂုဏ်အတွင်းရှိနေစဉ် အိနြေ္ဒမဲ့စွာ ပြုမှုပြောဆိုမှု။
     (ဥပမာ ခွက်ထိုးခွက်လန် ရယ်မောခြင်း ၊  အော်ဟစ်နောက်ပြောင်ခြင်း။)
(၇) Hotel အတွင်းစားသုံးခွင့်မရှိသည့် နေရာများ၌ အစားအစာစားသုံးမှု၊
(၈) Hotel အတွင်းစည်းကမ်းမဲ့စွာ အမှိုက်သရိုက်ပစ်မှု၊
(၉) ကြိုတင်ခွင့်တောင်းခြင်းမရှိဘဲ ခွင့်ခံစားမှု။
(၁၀) သတ်မှတ်ထားသော ၀တ်စားဆင်ယင်မှု ပြည့်စုံစွာမ၀တ်ဆင်မှု။
(၁၁) ဧည့်သည်များသုံးဆောင်ရန်ထားရှိသည့် အစားအစာနှင့် အဖျော်ယမကာများ ယူငင်စားသုံးမှု။
(၁၂) တာဝန်ပြီးဆုံးသော်လည်း မိမိအိမ်သို့ မပြန်ဘဲအလုပ်ခန်းတွင် ဆက်လက်ရှိနေမှု။
(၁၃) အလုပ်တက်ဆင်းချိန် မလေးစားမှု။
(၁၄) လုပ်ငန်းခွင်ရှိ စက်ကိရိယာ အသုံးအဆောင်များ စနစ်တကျ မထားသိုမှု ၊သန့်ရှင်းသပ်ရပ်မှု မရှိမှု
        (မော်တော်ယာဉ် ၊မီးစက် ၊ အ၀တ်လျှော်စက် ၊ကွန်ပျူတာ ၊ရေခဲသေတ္တာ စသည်ဖြင့်)
(၁၅) ခွင့်ပြုချက်မရရှိဘဲ ပြင်ပြတွင် အိပ်မှု။
(၁၆) လုပ်ငန်းအဆိုင်း အလုပ်ချိန် ပြီးခါနီးတွင်  ပျောက်ရှပစ္စည်းနှင့်  ပြန်တွေ့ပစ္စည်းတို့ကို သတင်းပို့ရန်  
       ပျက်ကွက်မှု
(၁၈) သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရှိဘဲ Hotel နေ ဧည့်သည်များနှင့်  လိုသည်ထက်ပို၍
       ပုဂ္ဂိုလ်ရေးခင်မင်ဆက်ဆံမှု။
ပြစ်မှုကြီးများ
အောက်ပါတို့ကို  ပြစ်မှုကြီးများ အဖြစ် သတ်မှတ်သည်။
(၁) လုပ်ရည်ကိုင်ရည် ကျေနပ်ဖွယ်မရှိဘဲ လုပ်ငန်းရည် နိမ့်ကျမှု။
(၂) အလုပ်ခွင်သို့ အရက်၊ဘီယာ၊ထန်းရည်များ သောက်ထားပြီး တာဝန်ထမ်းဆောင်မှု
(၃) တာဝန်ချထားသည့် အလုပ်ကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လုပ်ဆောင်ရန် ပျက်ကွက်မှု။
(၄) အလုပ်ချိန် အတွင်း ကိုယ်ရေးကိုယ်တာ မပြောရ။
(၅) ဟိုတယ်နေဧည့်သည်များ ၊ဟိုတယ်သို့ လာရောက်သူများနှင့် ၀န်ထမ်း လုပ်ဖော်ကိုင်ဖက်များအား  ဂါရ၀မဲ့ မလေးမစားပြုမူဆက်ဆံမှု။
(၆) ဟိုတယ်နေ ဧည့်သည်များကို ဖြစ်စေ၊ ၀န်ထမ်း လုပ်ဖော်ကိုင်ဖက်များကို ဖြစ်စေ မဟုတ်မမှန် ပြုမူအောင်အားပေးအားမြှောက်ပြုမှု။
(၇) ဟိုတယ်နေ ဧည့်သည်များ ၊၀န်ထမ်း လုပ်ဖော်ကိုင်ဖက်များ၏  ကိုယ်ရေးကိုယ်တာ ကိစ္စများကို ချောင်းမြောင်းနားစွင့်မှု၊
(၈)  ပရဂုစ်အတွင်းလောင်းကစားခြင်း ၊လောင်းကစားမှုတွင် အားပေးအားမြှောက်မှု ၊ပါဝင်လုပ်ကိုင်မှု ၊ပါဝင်ပတ်သတ်မှု
(၉) လုပ်ငန်းကြီးကြပ်သူက ပေးအပ်သော အလုပ်တာဝန်များကို လုပ်ဆောင်ရန် ပျက်ကွက်မှု။
(၁၀) ခွင့်ရက်တရက်ထက်ပိုပြီး ပျက်ကွက်မှု။
(၁၁) တာဝန်ချိန်အတွင်း အိပ်စက်မှု။
(၁၂) အန္တရာယ်ကင်းရှင်းရေး၊စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှု။
(၁၃) လုပ်ငန်းအစီရင်ခံစာ တင်သွင်းရန်  တမင်နှောင့်နှေး ကြန့်ကြာမှု၊
(၁၄) အလုပ်ခွင်နေရာသန့်ရှင်းနေရေးကို  ထိန်းသိမ်းရေးနှင့် ဟိုတယ်ပတ်ဝန်းကျင် သန့်ရှင်းရေးကို လိုက်နာရန် ပျက်ကွက်မှု။
(၁၅) ၀န်ထမ်း တစ်ဦး ပြစ်မှုသေး /ကြီး တစ်ခုခု ကျူးလွန်သည်ကို ဖုံးကွယ်မှု။
(၁၆) လုပ်ငန်းကြီးကြပ်သူ (သို့) ၀န်ထမ်းလုပ်ဖော်ကိုင်ဖက်များအား ရန်စမှု၊ခိုက်ရန်ဖြစ်ရန် စိန်ခေါ်မှု။
(၁၇) လုပ်ငန်းကြီးကြပ်သူ၏ ကြိုတင်ခွင့်ပြုချက်မရဘဲ ၁ နာရီ(သို့) ၁ နာရီထက် ကျော်လွန် အလုပ်တာဝန်ပေါ် မရှိမှု။
(၁၈) အလုပ်တက် / အလုပ်ဆင်း စာအုပ်တွင် မဟုတ်မမှန် ပြင်ဆင် ရေးသွင်းမှု။
(၁၉) ဟိုတယ်သို့လာရောက်သည့် ဧည့်သည်ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ထိခိုက်စေသော သတင်းများ ပြင်ပသို့ထုတ်ဖော်ပြောဆိုမှု
(၂၀) ဧည့်သည်များနှင့် (သို့) အခြားဝန်ထမ်းများအား အန္တရာယ် ဖြစ်စေနိုင်သော (သို့) ၎င်းတို့ပိုင် ပစ္စည်းပျက်စီးဆုံးရှုံးစေနိုင်သော အပြုအမှုမျိုးပေါ့ဆစွာ ပြုလုပ်မှု။
(၂၁) နိုင်ငံခြားငွေ တရားမ၀င် လဲလှယ်မှု။
(၂၂) ၀န်ဆောင်မှုအတွက် ဟိုတယ်နေ ဧည့်သည်များအား ထုတ်ပေးရန်ရှိသည့် ပြေစာများ ထုတ်ပေးရန် ပျက်ကွက်မှု
အလွန်ကြီးလေးသောပြစ်မှုများ
အောက်ပါတို့ကို အလွန်ကြီးလေးသော ပြစ်မှုများအဖြစ်သတ်မှတ်သည်။
(၁) ပရ၀ုဏ်အတွင်း လူမြင်ကွင်း မဖွယ်မရာ ညစ်ညမ်းသော အပြုအမှုများ  ပြသ ပြုမှုမှု
(၂) ဟိုတယ်နေဧည့်သည်ပိုင် ၊ဟိုတယ်ပိုင်၊လုပ်ဖော်ကိုင်ဖက်များပိုင် ပစ္စည်းများကို ခိုးယူမှု (သို့)အလွဲသုံးစားပြုမှု(သို့)တမင်ဖျက်စီးမှု
(၃) သက်ဆိုင်ရာ၏ စာဖြင့် ခွင့်ပြုချက်မရဘဲ ဟိုတယ်ပိုင် ၊ဟိုတယ်နေ ဧည့်သည်များကို ဟိုတယ်ပရ၀ုဏ်ပြင်ပသို့ ယူဆောင်မှု
(၄ ငွေအကျိုးအမြတ်ရရှိရန်အလို့ငှာ ဟိုတယ်ပိုင်စာရွက်စာတမ်းများအား လိမ်လည်ရေးသားမှု
(၅) ဧည့်သည်များ၏ အခန်းတွင်းသို့ ချောင်းမြောင်းကြည့်ရှုမှု
(၆) တာဝန်ချိန် အရက်သေစာသောက်စားမှု
(၇) ရာဇ၀တ်ပြစ်ဒဏ် စီရင်ခြင်းခံရမှု
(၈) ဟိုတယ်၏ ဂုဏ်သိက္ခာနှင့် ကျော်ဇောမှုကို ထိခိုက်စေမည့် လုပ်ဆောင်ချက်များကို ပြုလုပ်ခြင်း
(၉) ၀န်ထမ်းအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု
(၁၀) ဟိုတယ်သုံးပစ္စည်းများ ယူသုံးပြီးပါက နေရာစနစ်တကျ ပြန်ထားပါရန် ၊မထားပါက ဒဏ်ငွေ
မှတ်ချက်။
အထက်ဖော်ပြပါ ပြစ်မှုသေး ၊ပြစ်မှုကြီးနှင့် အလွန်ကြီးလေးသော ပြစ်မှုများနှင့် မတူညီသော  အခြားပြစ်မှုများ ကျူးလွန်ပါကလည်း ပြစ်မှု အတိမ်အနက်ပေါ် မူတည်ပြီး ပြစ်မှုသေး (သို့) ပြစ်မှုကြီး သတ်မှတ်သည်။
                                ဦးခေါင်းအမဲလိုက်တာမခံရအောင်"
ဦးခေါင်းအမဲလိုက်တယ်ဆိုတာက သူများကုမ္ပဏီကဝန်ထမ်းတွေကို လစာ ကောင်းကောင်းပေးပြီး မိမိကုမ္ပဏီကို ခေါ် ယူအသုံးပြုတာပဲဖြစ်ပါတယ်။
HR Manager တိုင်း( Head-Hunting) ဦးခေါင်းအမဲလိုက်ခံနေကြရပါ တယ်။ ကုမ္ပဏီတိုင်း ရင်ဆိုင်နေရတဲ့ ဒုက်ခ တစ်ခုကိုပြပါဆိုရင် ဦးခေါင်းအမဲလိုက် တာပါပဲ။
မိမိကုမ္ပဏီကသင်ပေးလိုက် သူများ ကုမ္ပဏီကခေါ်သွားလိုက်နဲ့ သမင်မွေးရင်း ကျားစားရင်းဖြစ်နေတာကို တားဖို့ဆိုတာ မလွယ်ပါဘူး။
တတ်နိုင်တာတစ်ခုကတော့ မိမိဝန် ထမ်းတွေ တခြားကုမ္ပဏီကို ထွက်မသွားရ အောင် ထိန်းသိမ်းဖို့(Retentive)ပဲ ဖြစ်ပါ တယ်။
HR ရဲ့ Function တွေထဲမှာ ဝန်ထမ်းတွေကို ခေါ်ဖို့ခန့်ဖို့၊ သင်ဖို့ထိန်းဖို့ ဆိုပြီးပါတာပဲမဟုတ်ပါလား။
ခန့်ပြီးသားဝန်ထမ်းတွေကို အလုပ်မှာ ပိုတော်အောင်လို့ Training and Development လုပ်ပေးရသလို အရည် အချင်းရှိတဲ့ဝန်ထမ်းတွေကို အလုပ်ကနေ ထွက်မသွားရအောင်လို့ အလုပ်မှာ မြဲနေ ဖို့အတွက်Retainingလုပ်ရတာလဲ တစ် ခုအပါအဝင်ပါပဲ။
ဝန်ထမ်းတစ်ဦးဟာ လုပ်ငန်းတစ်ခု ကနေ အခြားလုပ်ငန်းတစ်ခုကို ပြောင်း သွားရတာက အကြောင်းအချက်နှစ်ခု ပေါ်မှာ မူတည်နေပါတယ်။ ဆွဲဆောင်မှု နှင့် တွန်းပို့မှုတွေပါပဲ။ (Pull and Push) လို့ပြောကြပါတယ်။
ဆွဲဆောင်မှုလို့ခေါ်တဲ့ Pull Forces တွေကိုစဉ်းစားကြည့်လေ လစာပိုပေးတာ၊ ထောက်ပံ့ကြေးပိုပေးတာတို့၊ Policy ကောင်းကောင်းလုပ်ပေးတာတို့ပဲဖြစ်ပါ တယ်။
စဉ်းစားကြည့်ရင် မိမိလုပ်ငန်းကပဲ လစာပိုပိုသာနဲ့ မဆွဲဆောင်နိုင်တာလား၊ သူများလုပ်ငန်းကပဲ လစာကောင်းကောင်း နဲ့ဆွဲဆောင်တာလားဆိုတာ စဉ်းစားကြည့် ရမှာပါ။
တွန်းပို့မှုလို့ဆိုတဲ့ Push forces တွေ ကိုစဉ်းစားကြည့်ရင်တော့ အောက်က အချက်အချို့ကို ပြောပြချင်ပါတယ်။
၁။ အမှားလုပ်မိတဲ့ဝန်ထမ်းတွေကို အခြား ဝန်ထမ်းတွေရဲ့အရှေ့မှာဆူတာ၊ ကြိမ်းမောင်းတာ၊ အော်ငေါက်တာ တွေကလည်း Push တစ်ခုပါပဲ။
၂။ ဝန်ထမ်းအချင်းချင်း အစဉ်မသင့်လို့ စကားများတဲ့အခါတွေမှာ ပြဿနာ တွေကို လျစ်လျူရှုထားတာတို့၊ အဆင်ပြေတဲ့ ဝန်ထမ်းဘက်က လိုက် ပြီး တစ်ဖက်ဝန်ထမ်းကို အရေးယူ အပြစ်ပေးတာ။
၃။ ဝန်ထမ်းတွေရဲ့လုပ်ဆောင်ချက်တွေ နဲ့ပတ်သက်ပြီး အသိအမှတ်ပြုတာ တို့၊ ချီးမွမ်းတာတို့မလုပ်တာ။
၎။ ဝန်ထမ်းတွေက ကိုယ်ရေးကိုယ်တာ တွေပြောပြတဲ့အခါ အကြံတောင်းတဲ့ အခါမှာ မသိချင်ယောင်ဆောင်တာ အကူအညီမပေးတာ။
၅။ ဝန်ထမ်းတွေက သူတို့ရဲ့ရသင့်တာ တွေကိုပေးဖို့ တောင်းဆိုတဲ့အခါမှာ အကြောင်းပြချက်တွေနဲ့ ရှောင်ဖယ် ရှောင်ဖယ်လုပ်တာ။
၆။ ဝန်ထမ်းအချင်းချင်းကို ရန်တိုက်ပြီး တစ်ယောက်ကိုတစ်ယောက်လိုက် ကြည့်ကာ ရန်လိုနေတဲ့ပတ်ဝန်းကျင် ဖြစ်အောင်လုပ်တာ။
၇။ ဝန်ထမ်းတွေကို ဖိနှိပ်ထားတဲ့ စည်း ကမ်းချက်တွေထုတ်တာ။
၈။ ဝန်ထမ်းတွေကိုအယုံအကြည်မဲ့ကာ တာဝန်တွေကို ခွဲမပေးထားတာ။
၉။ ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်တွေ ပိတ် ပင်ထားတာ။
၁၀။ အဆင်ပြေတဲ့ဝန်ထမ်းတွေနဲ့သာ စကားပြောပြီး အဆင်မပြေတဲ့သူကို ပယ်ထားတာ။
၁၁။ လုပ်ငန်းခွင်ထဲမှာလိုက်ကြည့်ပြီး အပြစ်တင်တဲ့စကားတွေကိုသာ ပြော တာ၊ အမှားတိုင်းကိုဒဏ်ရိုက်တာ။
၁၂။ ဝန်ထမ်းတွေနဲ့ စကားပြောတဲ့အခါ ချိုချိုသာသာမပြောဘဲ အထက်စီးတဲ့ လေသံတွေနဲ့ပြောတာ။
၁၃။ ဝန်ထမ်းတွေကို အလုပ်နဲ့ပတ်သက် ပြီးပြောပြတာ၊ သင်ပေးတာ၊ ဆွေးနွေးတာတွေမလုပ်ဘူး။
၁၄။ ဝန်ထမ်းတွေအပေါ် လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုးဆက်ဆံတာ။
၁၅။ မိမိထုတ်ထားတဲ့ စည်းကမ်းတွေကို မိမိကိုယ်တိုင်ချိုးဖောက်ပြီး ဝန်ထမ်း တွေကိုချိုးဖောက်ရင် ဒဏ်ငွေရိုက် တာ။
၁၆။ အလုပ်ထဲက မိန်းကလေးဝန်ထမ်း တွေကို ရိသဲ့သဲ့လုပ်တာ။
၁၇။ လုပ်သက်ကြာတဲ့ဝန်ထမ်းတွေကို နောက်မှဝင်လာတဲ့ ဝန်ထမ်းအသစ် တွေနဲ့ လစာအတူတူပေးထားတာ။
၁၈။ ဝန်ထမ်းတစ်ဦး ထွက်သွားတဲ့အခါ ကျန်ခဲ့တဲ့ဝန်ထမ်းတွေကို အပြစ်ပြော တတ်တာ။
၁၉။ Leader စိတ်ဓာတ်မရှိတဲ့သူကို Manager ကိုခန့်ထားတာ။
၂၀။ လေ့လာမှုမရှိတဲ့သူကို တာဝန်ခံတို့၊ Manager တို့ခန့်ထားတာ။
၂၁။ ဆုပေးစနစ်ထက် ဒဏ်ပေးစနစ်ကို ကျင့်သုံးတာ။
၂၂။ လစာပေးတဲ့စနစ် တိတိususမရှိ တာ။
၂၃။ လစာကိစ္စတွေကို ဝန်ထမ်းတွေက ဘယ်သူ့ကိုမေးလို့မေးရမှန်းမသိတာ။
၂၄။ စီမံခန့်ခွဲမှုညံ့လို့ Customer Complain တတ်တာကို ဝန်ထမ်းတွေ ကြောင့်ဆိုပြီး ဆူပူတက်တဲ့လုပ်ငန်း ခွင်ဖြစ်တာ။
၂၅။ အလုပ်ခန့်စဉ်တုန်းက ဝန်ထမ်းတွေ ရဲ့ရပိုင်ခွင့်တွေကတစ်မျိုး၊ အလုပ်လုပ် တဲ့အခါမှာတစ်မျိုး ရပိုင်ခွင့်ပုံသေမရှိ တာ။
၂၆။ မှတ်ပုံတင်တွေသိမ်း၊ ဘွဲ့လက်မှတ် တွေသိမ်းထားပြီး စာချုပ်ချုပ်ကာ ဝန် ထမ်းတွေကို အလုပ်လုပ်စေတာ။
၂၇။ လုပ်ငန်းခွင်ထမင်းစားချိန် တိတိကျကျမရှိတာ၊ ထမင်းစားဖို့နေရာ သတ်သတ်မှတ်မှတ်မရှိတာ။ျ
၂၈။ ရသင့်ရထိုက်တဲ့ခွင့်တွေမပေးတာ မတရားတဲ့ခွင့်တွေနဲ့ ဒဏ်ငွေတွေနဲ့ ကစားကာ ဝန်ထမ်းတွေအပေါ် ဖိနှိပ် ထားတာ။
၂၉။ အချိန်ပိုတွေဆင်းခိုင်းပြီး အချိန်ပို ကြေးတွေမပေးတာ။
၃၀။ အစိုးရရုံးပိတ်ရက်တွေမှာလည်း အလုပ်ဆင်းခိုင်းတာ။
၃၁။ သင်္ကြန်တွင်းမှာလည်း ရုံးဖွင့်တာ။
၃၂။ ပညာရှင်တွေကိုခန့်ထားပြီး အမြဲတမ်း ရာထူးတစ်ခုရလာတဲ့အခါမှာ ပညာ ရှင်စရိတ်မသတ်မှတ်ပေးတဲ့အပြင် လစာတိုးဖို့ကိုလည်း အချိန်တွေဆွဲ နေတာ။
၃၃။ အမျိုးသမီးဝန်ထမ်းတွေကို ရေသန့် ဘူးလို အလေးပစ္စည်းတွေမခိုင်းတာ။
၃၄။ အလုပ်အားလို့ အလုပ်သမားတွေ ထိုင်နေတာကို မလိုချင်တဲ့လုပ်ငန်းခွင် ဖြစ်နေတာ။
၃၅။ အင်တာဗျူးမှာကတည်းက အလုပ် သဘာဝကို သေချာမပြောဘဲ ခန့်တဲ့ အခါ။
၃၆။ တိကျတဲ့၊ သေချာတဲ့ JD တွေမရှိတဲ့ အခါ။
၃၇။ အဓိပ္ပါယ်မရှိတဲ့ အစည်းအဝေးတွေ ကို အမြဲတမ်းလုပ်တာ။
၃၈။ တာဝန်ရှိလို့ လုပ်လိုက်တဲ့ဝန်ထမ်း တွေကို တာဝန်ခံမယ့်သူမရှိတာတွေ ပဲဖြစ်ပါတယ်။ အဓိကကတောံ့Herzberg ရဲ့ Motivation - Hygiene Theory ကို သတိထား ကြဖို့ပါပဲ။ Hygiene factor တွေ ဖြစ်တဲ့ ရပိုင်ခွင့်ရှိတဲ့လစာ၊ လုပ်ခစတဲ့ အထောက်အကူပစ္စည်းတွေဟာ ဝန်ထမ်းတွေကို အလုပ်မှာ မကျေ မနပ်မှုတွေ လျော့သွားရုံသာရှိပါ တယ်။ ကျေနပ်မှုကို အပြည့်အ၀ မပေးနိုင်ပါဘူး။
Motivation factor တွေဖြစ်တဲ့ ဝန်ထမ်းကို အသိအမှတ်ပြုတာ၊ တန်ဖိုး ထားတာ၊ လေးစားတာ၊ ချီးမြှောက်တာ၊ တာဝန်ပေးတာ စတာတွေကပဲ ဝန်ထမ်း တွေကို အလုပ်ခွင်မှာ ကြာရှည်မြဲစွာနဲ့ တခြားအလုပ်တွေရဲ့ ဦးခေါင်းအမဲလိုက် တာတွေကနေ ကာကွယ်နိုင်မှာပဲဖြစ်ပါ တော့တယ်။
No comments:
Post a Comment